Chapter 27 (ချည်နှောင်ခံလိုက်ရပါသော ကြိုးလေးတစ်မျှင်)

572 52 9
                                    

"မောင်တို့ အတူနေရအောင်"

"ဟမ်"

ပြန်လှည့်ကြည့်လာသည့် ကြောင်ဖြူလေးရဲ့  မျက်ဝန်းလေးက ပြူးကျယ်လို့၊ အနီရောင်နှုတ်ခမ်းပါးလေးက ဟလျှက်။ Jeon ဟာ ကြောင်ဖြူလေးရဲ့ ချစ်စရာကောင်းနေမှုကို မလွန်ဆန်နိူင်တော့ ခပ်ရဲရဲနှုတ်ခမ်းပါးလေးကို ဆွဲနမ်းပစ်လိုက်သည်။

"အွင့် Jeon Jungkook ဒါ ဘာလုပ်နေတာလဲကွ"

ရုန်းကန်နေတဲ့ ကြောင်ဖြူလေးရဲ့ လက်နှစ်ဖက်ကိုချုပ်ပစ်ကာ နံရံဆီသို့ ဆွဲကပ်ပစ်လိုက်သည်။ ပြီးတော့ ကြောင်ဖြူလေးရဲ့ နဖူးအထက်ကို အနမ်းခြွေလို့ ပုခုံးပေါ် မေးတင်ကာ လည်တိုင်ဖြူဖြူလေးဆီ နှာခေါင်းတွေ နစ်ဝင်ပစ်သည်။

"မောင်တို့ အတူနေရအောင်လို့ GiGi"

"ဘာရယ် Jeon Jungkook မဟုတ်သေးဘူး Jeon သခင်လေး ဒီနေ့ မင်းဆေးမှားသောက်ထားတာလား"

"မောင်လို့ပဲခေါ်"

"ဘာရယ်"

"မောင့်ကို နာမည်ကြီး တပ်မခေါ်ပါနဲ့ဆို ပြီးတော့ ဒီနေ့က ဘာနေ့လည်း သိလား"

"မသိဘူး"

"ဟင့် မောင်တို့ရဲ့ တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေ အဲ့တော့ ဒီနေ့က မင်္ဂလာဦးည မောင်တို့ ပျော်ရအောင်ပါဆို"

"ဘာမင်္ဂလာဦးည ဘာကိုပျော်ရမှာလဲ အဲ့ဒီ မောင်ဆိုတာကြီးကို ထည့်မပြောစမ်းနဲ့ ငါကြက်သီးထလွန်းလို့ ပြီးတော့ ဖက်ထားတာ အခုလွှတ်စမ်းကွာ"

နံရံနဲ့ Jeonရဲ့ ခန္ဓာကိုယ်ကြားမှာ ညပ်နေတဲ့ ရှေ့ကလူကို ပိုတိုး၍ ဖက်ပစ်လိုက်သည်။

ဒီလူရဲ့ ခန္ဓာကိုယ်က နွေးနွေးအိအိလေးနဲ့ ဖက်လို့ကောင်းတာမို့ သူကြိုက်တယ်၊ မလွှတ်ပေးချင်ဘူး။

ပြီးတော့ Jeon မျက်စိရှေ့မှာ မြင်နေရတဲ့  လည်ဂုတ်သားဖွေးဖွေးလေးက ကိုက်ပစ်ချင်စရာမို့ သွားနဲ့တိကနဲ ကိုက်ချပစ်လိုက်တော့ လူးလွန့်သွားတဲ့ ခန္ဓာကိုယ်လေးနှင့်အတူ မွှေးညှင်းလေးတွေကပါ ထောင်လာကြ၏။

မောင့် အမျိုးသားလေးက အထိမခံလိုက်တာ။

"အ့ Jeon Jungkook ဘာလို့ကိုက်နေတာလဲ ခွေးကောင်ရ"

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Where stories live. Discover now