Chapter 9 (မျှော်လင့်ချက်)

734 83 9
                                    


မနက်ပိုင်း ရာသီဥတုက နည်းနည်း အေးစိမ့်စိမ့်။
အချိန်အားဖြင့် မနက် ၅နာရီခွဲကျော်ကျော်ပဲရှိသေးသည်။

Jeonအိမ်တော်၏ အိပ်ခန်းထဲမှ ကောင်လေးနှစ်ယောက်အနက် ပထမဆုံးနိုးလာသူမှာက Jeon သခင်လေး။

Jeon မျက်လုံးဖွင့်ဖွင့်ချင်း ရင်ခွင်ထဲကကြောင်လေးကို
ကြည့်လိုက်တော့ ချမ်းလို့ထင်သည် ကွေးကွေးလေး
အိပ်ပျော်နေသည်။ထို့ကြောင့် ကြောင်လေးကို
စောင်ခြုံပေးလိုက်ပြီး သူပိုင်တော့မယ့် အရုပ်ကလေးကို
မမှိတ်မသုန်သာ ထိုင်ကြည့်နေလိုက်သည်။

တကယ်ဆိုလျှင် သူက ဒီအရုပ်ကလေးရဲ့ အစိတ်အပိုင်းတွေကို
အနီးကပ်မမြင်ဖူးပေ။ အခု သူ့ရှေ့ရှိ အိပ်ပျော်နေသော လူသားမှာ သက်ရှိအရုပ်ကလေးနှင့်တူသည်။ ပြီးတော့ ဒီလူသားက သူ့ထက် အသက် 4နှစ်ကျော်မျှ ကြီးသေးသည်တဲ့။

သူ့ရှေ့ရှိ သူပိုင်သော အရုပ်က လေးက လှသည်၊ ချစ်စရာကောင်းသည်၊ မာယာများသည်၊ ထက်မြက်သည်၊ အန္တရာယ်များ သည်။ သို့သော် သူပဲပိုင်ဆိုင်ချင်သည်။ သူက သူပိုင်သော အရုက်ကလေးကို မည်သူ့ကိုမှ မ​​ပေးပါ။

Jeon ကြောင်လေးကို အားရအောင် ထိုင်ကြည့်ပြီးမှ
ရေချိုးခန်းထဲဝင်၍ မျက်နှာသစ် ကိုယ်လက်သန့်စင်သည်။
ထို့နောက်တွင်တော့ မနက်စာ ပြင်ရန်အတွက်
အိမ်အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

မနက်ပိုင်းအိမ်တော်အတွင်းတွင် သန့်ရှင်းရေးလုပ်နေသော သူအချို့နှင့် မနက်စာပြင်နေသူ အနည်းငယ်လောက်က သူတို့ရဲ့ အလုပ်တာဝန် စနေကြပြီဖြစ်သည်။ Jeon သူတို့အားလုံးကို တိတ်တဆိတ်အလုပ်လုပ်ရန် အချက်ပေးလိုက်ပြီး မနက်စာကိုလည်း သူကိုယ်တိုင်ပင် ပြင်ဆင်လိုက်လေသည်။

Jeon မနက်စာပြင်၍ ပြီးသွားတော့ ရေချိုးရန်အတွက် အခန်းထဲသို့ ပြန်လာခဲ့လိုက်လေသည်။
ကုတင်ပေါ်တွင် အိပ်ပျော်နေသော လူသားလေးကတော့ တုတ်တုတ်မျှမလှုပ်သေး။
စောင်ကိုခြုံ၍ ဘေးစောင်းအိပ်နေသည့်အတွက်
အနက်ရောင်တွေကြားမှ ထင်းထွက်နေသော မျက်နှာဖွေးဖွေးလေးက
ပေါင်းထားသော ပေါင်မုန့်လုံးလေးသဖွယ်။

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Donde viven las historias. Descúbrelo ahora