Chapter 28 (Promise)

499 44 8
                                    

"Jungkook ငါ ခရီးထွက်ရမယ်"

"ဘယ်ကိုလဲ"

"LA"

"မသွားနဲ့"

"Jungkook!"

ချက်ချင်းတင်းမာသွားတဲ့ အမျိုးသားလေးရဲ့ မျက်နှာလေး။

"မောင်က ခင်ဗျားလေးကို တစ်ယောက်တည်း လွှတ်ရမှာလား"

"အဲ့ဒါဆိုလည်း မင်းပါလိုက်ခဲ့လေ"

"မောင်မအားဘူး"

"Jeon Jungkook မင်း! ငါ့ကို ဘာဖြစ်စေချင်နေတာလဲ"

"ရှင်းရှင်းလေး မောင်လည်းမလိုက်နိူင်ဘူးဘ တစ်ယောက်တည်းလည်း ပေးမသွားဘူး။ ဒီနိူင်ငံမှာပဲနေ"

"ဘာကွ! မင်း ငါ့ကို ဒီလောက်အထိ စိတ်မချဖြစ်နေတာလား။ အဲလိုဆိုလည်း မျက်စိရှေ့က ပျောက်မသွားအောင် ထိန်းသိမ်းထားလိုက်လေ။ ငါလည်း ယောကျာ်းတစ်ယောက်ပဲ၊ ငါ့ကို ပျော့ညံ့တဲ့သူ တစ်ယောက်လို မဆက်ဆံနဲ့ Jungkook"

စေတနာနဲ့ မေတ္တာကို မမြင်နိူင်တဲ့သူ။ သူကိုယ်တိုင်က
မြင်အောင်မပြနိူင်တာလည်း ဖြစ်နိူင်သည်။သို့သော်
ဒီလူ သွားမယ့်လမ်းကို တစ်ယောက်တည်း လွှတ်လိုက်ရအောင် Jeonက စောက်ရူးလည်းမဟုတ်။

"အေး ဟုတ်တယ်  ခင်ဗျားကို စိတ်မချလို့ မလွှတ်ဘူး။ ခင်ဗျားက ဘာအကြောင်းကြောင့် သွားတယ်ဆိုတာ ကျုပ်မသိဘူးထင်နေတာလား"

"အေး သိတယ်ဆိုလည်း မတားနဲ့လေ"

"ထွက်လိုက်"

"ဘာကြီး"

"ထွက်လိုက်! အဲ့အလုပ်ကနေ ထွက်လိုက်လို့! ကျုပ်ခင်ဗျားလိုတာ ပေးနိူင်တယ်"

"ခွပ်!"

"ငါက ဒီအလုပ်ကို ပိုက်ဆံအတွက် လုပ်နေတယ် ထင်နေတာလား.. သိပ်တော်ပြီး သိပ်ရင့်ကျက်တဲ့ Jeon သခင်လေးလို့ သိထားတာ အခုလို ကလေးအလုပ်တွေ လုပ်တတ်မှန်း မသိခဲ့ဘူး "

Jeonရဲ့ အမျိုးသားလေးက Jeonကို လက်သီးနဲ့
ထိုးရုံတင်မဟုတ်ဘဲ စကားနာပါ ထိုးသေးတာ။
Jeonက ရင်ဘတ်ထဲက နာတာ။ Jeonထိုအမျိုးသားရဲ့ ခန္ဓာကိုယ်ကို စိတ်ရှိတိုင်း ခါရမ်းပစ်လိုက်သည်။

"အေး ဟုတ်တယ် ကျုပ်က သိပ်ကလေးဆန်တယ်.. ဒီအလုပ်အတွက်နဲ့ပဲ ကျုပ်အဖေက ကျုပ်ကိုပစ်သွားတာ အဲဒါ ခင်ဗျားသိလား.. ပြီးတော့ သူက တစ်ခြားနေရာမှာ နောက်အိမ်ထောင်နဲ့ ပျော်ပါးနေတာ.. ခင်ဗျားလည်း အတူတူဘဲ Min Yoongi ကျုပ်လိုအပ်တာနဲ့ ထွက်သွားဖို့ပဲ ရွေးချယ်ပစ်လိုက်တာ"

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Hikayelerin yaşadığı yer. Şimdi keşfedin