"မောင် ဒီနေ့ဘာစားချင်လဲ"
"ကိုကို့ကို.. "
"ဟမ်!"
"အမ်း...ကိုကိုချက်တာ ဘာနေနေရတယ်လို့..."
နားထင်ကို လက်ညှိုးလေးနဲ့ ဖွဖွလေးကုပ်လို့ ပြုံးစစပြန်ဖြေနေတဲ့ မောင်ဟာ သိပ်ချစ်စရာ..။
"အား...မောင်ကြီးက ချစ်စရာကောင်းလိုက်တာ"
မောင့်ပါးနှစ်ဖက်ကိုကိုင်ကာ မောင့်ကို တရှုံ့ရှုံ့နမ်းနေတဲ့ အဖြူရောင်လေးက weelchairလက်ရန်းပေါ်က မောင့်လက်သီးဆုပ်တွေကို မမြင်ဘူး။
"ကိုကို.."
"ဟင်!"
"မောင့် ခါးအောက်ပိုင်းကလေ sensationရနေပြီ သိလား"
"အဲဒါဆို မောင်လမ်းလျှောက်နိူင်တော့မှာပဲ၊ ငါ မောင့်အတွက် ဝမ်းသာလိုက်တာ...ဒါပေမဲ့ မောင့်မျက်နှာကြီးက ဘာလို့ရဲနေတာလဲ"
"ကျစ်!..တော်ပြီ မောင် ခင်ဗျားအနားမကပ်ရဲသေးဘူး။ ခင်ဗျားကလေ တကယ့် အန္တရာယ်အိုးလေး..."
"အာ..ငါသိပြီ၊ ငါ အောက်ကို သွားလိုက်အုံးမယ်..
တစ်ခုခုဆိုခေါ်လိုက်နော်"ပါးမို့မို့လေးတွေနှင့် နားရွက်ကလေးတွေရဲလာသူဟာ တစ်ချိုးတည်း ဆင်းပြေလေသည်။
"ကိုကိုလူလည်..အခုကျ မကူညီသွားဘဲနဲ့"
တင်းမာနေတဲ့ အလယ်ရပ်ဝန်းကို ဖြေလျှော့ဖို့ အချိန်
တော်တော်ယူလိုက်ရပြီးနောက် သက်ပြင်းမော တစ်ချို့က
ခပ်ဆက်ဆက်။ခြေထောက်နှစ်ချောင်းကသာ လမ်းမလျှောက်နိူင်သေးတာ သူကတော့ အရင် လမ်းလျှောက်ချင်နေပုံ။ကြောင်ရိုင်းလေးဆိုလျှင် နည်းနည်းလေးတောင် အထိမခံနိူင်တဲ့
ဒီခန္ဓာကိုယ်။နှုတ်ခမ်းလေးစူတာကစလို့ မတော်တဆ
ခါးသေးသေးလေး လှစ်ခနဲ မြင်လိုက်ရရင်တောင် Jeon Jungkookကြီးက နေမထိ ထိုင်မသာ၊ ပါးစောင်ကို လျှာနဲ့ထိုးရတာအမော။မမြင်ဘဲလည်း မနေနိူင်တော့ အနောက်ကနေသာလိုက်သွားဖို့ပြင်ရသည်။
"X"
နံမည်ခေါ်လိုက်တာနှင့် အလိုက်တသိပင် အဖြူရောင်လေးဆီ
ပို့ပေးတဲ့ Xက တစ်ချိန်လုံး သုန်မှုန်နေတတ်သည်။
အရပ်ရှည်ရှည်၊ တည်ကြည်သော ရုပ်ရည်နှင့် မျက်လုံးပြာပြာတို့ရဲ့
ပိုင်ရှင် 'X'က တကယ်ချောပါသည်။သို့သော် မျက်နှာထားလေးက အချိုးမပြေတာလေးမို့ ဖြတ်ရိုက်ချင်စရာလေး..။
YOU ARE READING
အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)