"Yoongi ရေ ထတော့ဟ ဘယ်အချိန်ထိ အိပ်နေမှာလဲ"
"မောင်ရော..."
"မင်းလင်က အောက်ထပ်မှာ"
"အင်း..ငါးမိနစ်လောက် အိပ်ချင်သေးတယ်"
တစ်ဖက်လှည့်ကာ ပြန်အိပ်သွားသော ခွေးကောင်လေး။ခြေထောက်နဲ့ ကန်ပြီး မနှိုးရက်လို့သာပေါ့...။
"ရား....Min Yoongi! နောက်ကျနေပြီဟ"
"အဟီး..လေးလေးGiက အိပ်နေလည်း ချစ်စရာကောင်းတာပဲရော်"
လုံးတုံးလုံးတုံးနဲ့ Yoongiပေါ် ခုန်တက်ကာ ဖောင်းနေသော
ပါးကို တို့ကြည့်ရင်း တခစ်ခစ်ရယ်နေသော ကလေးငယ်လေး။"အိကျိအိကျိနဲ့ ပေါက်စီလေးလိုပဲရော်"
"ကဲ ကလေးလေးရေ ဦးဦးတို့သွားရအောင်...ပြီးမှ ဦးဦး Jungkookကိုပဲ လာနှိုးခိုင်းလိုက်မယ်"
"ဟုတ်ကဲ့ပါ ဦးဦးဒေါက်တာ"
လိမ္မာတဲ့ ကလေးလေးက သူ့စကားအတိုင်း ကုတင်ပေါ်ကနေ
ဆင်းလို့ သူ့လက်ကလေးကို လာကိုင်လေသည်။လာထိတဲ့
လက်သေးသေးလေးရဲ့ နူးညံမှုကို ဆွဲညစ်ပစ်လိုက်ချင်စိတ်တွေ တဖွားဖွားရယ်။"ကိုကြီး ကိုကို့ကို သွားနှိုးလာတာလား"
"အင်းလေ..မင်းတို့ အခုကတည်းက မပြင်ရင် နောက်ကျနေတော့မှာ။ ဒါပေမဲ့ ကာလနဂါးကောင်က နှိုးမရဘူး မင်းကိုယ်တိုင် သွားနှိုး"
"မနှိုးပါဘူး ကိုကို အိပ်ရေးဝအောင် အိပ်ပါစေ"
"ဟ! နောက်ကျကုန်မှာပေါ့ အခုတောင် ဧည့်သည်တွေက ရောက်နေပြီ"
"ဘာဖြစ်လဲ မစောင့်နိူင် ထပြန်သွားလိမ့်မယ်"
ပြောစကား တစ်ခွန်းလေးမှတောင် နားမထောင်တဲ့
ဒီနှစ်ယောက်ကို ထုရိုက်ချင်စိတ်က တဖွားဖွား။ မျက်စောင်းတွေချည်း လှိမ့်ထိုးနေရတာ ဒေါသတွေ ထွက်လွန်းလို့..။"ကလေးလေး သွားမယ်လာ ဦးဦး ဒီနားမှာ မနေနိူင်တော့ဘူး..။ဆက်နေရင် အသက်ထွက်တော့မှာ သူတို့ဘာသာ နေချင်သလို နေကြပါစေ.."
သူ့အခန်းထဲရောက်တော့ ကလေးလေးက ငြိမ်ငြမ်ကလေးထိုင်ကာ
သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေက မော့မော့ကြည့်နေပြန်တော့
သူမှာလည်း စိတ်မကောင်း။ ကလေးရှေ့မှာ မဆင်မခြင်
လုပ်လိုက်ပြီ။ထို့ကြောင့် ကလေးငယ်လေးနား ဒူးထောက်ထိုင်လိုက်ပြီး
ကလေးငယ်ရဲ့ ဆံပင်ပျော့ပျော့လေးတွေကို သပ်တင်ရင်း ပြန်ချော့ရသည်။
ESTÁS LEYENDO
အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)