Chapter 31(Family)

449 46 3
                                    

ဘာလို့များ ဒီလောက်အထိ အေးစက်မာကျောနေရတာလဲ။
ဘာလို့များ ဒီလောက်အထိ စိတ်ပျက်စရာ ကောင်းနေရသလဲတဲ့။
ဘာလို့များ ဒီလောက်အထိ အတ္တတွေကြီးခဲ့ရသလဲတဲ့။

မင်းတို့သိလား ငါက မသိစိတ်ထဲမှာတော့ ဟိုးငယ်ငယ်ကလေးဘဝရဲ့ ပျော်စရာအခိုက်အတန့်တွေမှာပဲ ရှိချင်ခဲ့တာ။

ဒါပေမဲ့ လက်တွေ့ဘဝဟာ ငါထင်ထားသလိုဖြစ်မလာခဲ့ဘူး။
ငါ့ဆီက တစ်ခုယူသွားရင် ငါကပြန်ယူရမှပဲ ​
ကျေနပ်တော့တယ်။ တောင်းဆိုလို့မရတဲ့အခါ
လက်နက်ထုတ်ပြီး တိုက်ခိုက်ဖို့ပဲ ငါတတ်နိူင်တယ်။

ဘဝက စောက်တလွဲတွေဖြစ်တတ်တော့ ငါဘာကိုမှ
မမျှော်လင့်ရဲဘူး။ယုတ်အစွဆုံး ချစ်ခြင်းမေတ္တာကိုတောင် ငါမယုံတော့ဘူး။

ငါလည်း လူထဲကလူပါပဲ။ ရယ်ချင်တယ်၊ ငိုချင်တယ်၊
စိတ်ရှိသလို ပြုမူချင်တာပေါ့။ ဒါပေမဲ့ ငါမတတ်နိူင်ဘူး။
နည်းနည်းလေး ရယ်လိုက်ရင် များများငိုရတတ်တဲ့
အတွေ့အကြုံတွေ ရခဲ့တော့ ငါ့မှာ ပျော်စရာရှိရင်တောင်
စိတ်လွတ်လက်လွတ် မပျော်ရဲဘူး။ စိတ်ခံစားချက်တွေကို မြိုသိပ်ပြီးကြံ့ကြံ့ခံမနေချင်ပါဘူး။
ငါလည်းလေ.. လူသားဆန်ချင်ပါတယ်။

တစ်စုံတစ်ယောက်ကတော့ မတည်နိူင်တဲ့ ကတိတွေကို
ပေးပြီး ထွက်သွားပြန်တယ်။ အဲ့အချိန်တွေတုန်းကတော့
တကယ်ပျော်ခဲ့တာ၊ အရာရာကိုမေ့ပြီးတော့ပေါ့လေ။
ငါ့အဘိဓာန်မှာတော့ ပျော်စရာတိုင်းဟာ ထွက်ခွာခြင်းနဲ့ အဆုံးသတ်တယ်။

အခုတော့ ငါဟာ တစ်ယောက်တည်းပဲ ရှင်သန်၊
တစ်ယောက်တည်းပဲ ရုန်းကန်။ အနာတွေက
မကျက်နိူင်သလို ကုသဖို့လည်း ငါမစဥ်းစားဘူး။
ရင်းပြီးရင်း ရင်းနေတဲ့ အနာတွေက ငါစိတ်ကိုပဲ
တိုက်စားသွားရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်ကိုပါ ဒုက္ခတွေ ပေးလာတော့တာ။

ငါဟာ ဒုက္ခိတ။ wheelchair တစ်စီးနဲ့ပဲ တစ်ဘဝလုံး
ဖြတ်သန်းရတော့မယ့် သနားစရာ သတ္တဝါ။ ငါက
ကိုယ့်ကိုယ်ကို သနားရတာမကြိုက်သလို သူများသနားတာကိုလည်း မကြိုက်ဘူး။ ဒါပေမဲ့
ဘယ်တတ်နိူင်မလဲ... လူတိုင်းက ငါ့ကို ဒီလိုပဲ ကြည့်တယ်။

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Where stories live. Discover now