"ခင်ဗျားကျုပ်ကို လက်ထပ်ရမယ် Min Yoongi"
Jeon အိမ်တော်အတွင်းရှိ ဧည့်ခန်းထဲတွင် ထိုင်နေသော ကောင်ငယ်လေးကို ကြည့်၍ သူ့အားလက်ထပ်ရန် အမိန့်ပေးနေပါသော Jeon သခင်လေး။
ထိုင်နေသော ကောင်လေးကတော့ တုပ်တုပ်မျှမလှုပ်။
Jeonသခင်လေးသည်လည်း စိတ်မရှည်ဟန်ဖြင့် ထပ်မံထွက်ပေါ်လာသောစကား။"Min Yoongi ကျုပ်ပြောတာကြားလား ခင်ဗျားကျုပ်နဲ့ ယူရမယ်လို့"
"အဲလောက်လွယ်လား ကောင်လေး"
"ဘာပြောတာ"
"လူတစ်ယောက်ကို လက်ထပ်ဖို့ အဲလောက်လွယ်လားလို့ Jeon Jungkook "
"လွယ်တယ် ကျုပ်အတွက်တော့ လွယ်တယ် Min Yoongi"
"စိတ်ကူးယဥ်နေလိုက် ကောင်လေး"
"ဘာပြောတာ ခင်ဗျားကျုပ်ကို ကောင်လေးကောင်လေးနဲ့ မခေါ်စမ်းနဲ့ ကျုပ်က သူငယ်နှပ်စားလေးမဟုတ်ဘူး ပြီးတော့ ခင်ဗျားကျုပ်ကို သေချာပေါက် လက်ထပ်ရမယ်"
"မင်းလည်း ငါ့ကို ခင်ဗျားတွေ၊ Min Yoongi တွေခေါ်ပြီး မိုက်ရိုင်းတာကျထည့်ပြော အုံးလေ"
"အေး ဟုတ်တယ် ကျုပ်ပဲမိုက်ရိုင်းမယ် ခင်ဗျားကျုပ်ကို လာပြီး Complain လာမတက်နဲ့"
"ကောင်းပြီ မင်းကငါ့ကို ဘာရည်ရွယ်ချက် ဘာခံစားချက်နဲ့ လက်ထပ်မှာတုန်း ငါ့ကို ချုပ်ကိုင်ဖို့ သပ်သပ် ဆိုရင်တော့ လက်ထပ်စာချုပ်လေးတစ်စောင်က အသုံးမဝင်ဘူးဆိုတာ မင်းသိပါတယ်"
"အဟင်း ကျုပ်သိပါတယ် လူရှေ့သူရှေ့တော့ မခုတ်တတ်တဲ့ကြောင်လေးပေါ့ ကွယ်ရာမှာတော့ ခင်ဗျားဘယ်လို နေထိုင်တယ်ဆိုတာ ကျုပ်က ကောင်းကောင်းသိတာမို့ စိတ်မပူပါနဲ့ "
ထိုသူကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်။ ပြီးတော့ အခန်းထဲသွား၍ အိပ်မေပါတော့သည်။ Jeon ဆိုတာလည်း ဒါတွေကိုဘဲ ဒေါသထွက်နေရတာ Min Yoongi ဆိုတာ မလှုပ်မယှက် အေးစက်စက်။
ဒါဖြင့် Jeonဟာ ဘာကြောင့်များ Min Yoongiဆိုတဲ့ ကြောင်လေးကို အပိုင်သိမ်းပြီး လိုချင်နေရတာပါလိမ့်။
အချိန်အားဖြင့် မနက် 7:30 ဝန်းကျင်။
Jeon ရဲ့ကုတင်ပေါ်တွင် အိပ်ပျော်နေသော အဖြူရောင်လေးကတော့ ကွေးကွေးလေး။
YOU ARE READING
အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)