Chapter 8 ( ကြောင်လေးကို ဖက်အိပ်ချင်သော သခင်လေး)

817 89 12
                                    

Unicode

S မြို့လမ်းမကြီးပေါ်ရှိ ကားလေးတစ်စီးသည်လည်း
ညမီးရောင်အောက်တွင် တရိပ်ရိပ်မောင်းနှင်လျှက်။
ဦးတည်ရာက Jeon အိမ်တော်ဆီသို့။

ထိုကားလေး​၏ရှေ့ခန်းတွင် ကားမောင်းသူတစ်ဦးနှင့်
နောက်ခန်းတွင်တော့ Jeon သခင်လေးနှင့် Jeonရဲ့
ကြောင်လေးတို့သာပါရှိသည်။ Driverသည်လည်း
သူ့အလုပ်သူသာအာရုံစိုက်နေသလို
နောက်ခန်းက
ကောင်လေးနှစ်ယောက်သည်လည်း
တစ်ယောက်နှင့်တစ်ယောက် စကားပင်မပြောကြ။

Jeonသခင်လေး၏ ​​​​သေနတ်မှန်ထား​​သောလက်တစ်ဖက်တွင် သွေးတို့က တစိမ့်စိမ့် ထွက်လျှက်။
Jeonသည် ကားပေါ်ရောက်သည်အထိ ဒေါသတို့က မပြေသေး။ သူ့ကိုများ ရာရာစစလာထိသည့်အပြင် သူ့အင်္ကျီကိုပါ ဒီလူက မပြောမဆို လုယူရဲသည်။
သူက ဒီလူကို အပိုင်လိုချင်လျှင် ဒီလောက်တော့ ပေးဆပ်ရမည်ဆိုတာ သိ၍လက်ခံနိူင်ပါသော်ငြား
တကယ့်တကယ် ဒီလိုခံလာရ​တော့လည်း Jeon မှာအံတကြိတ်ကြိတ်။ ဒီကြောင်လေးကို ဖမ်းထားနိူင်ဖို့ဆိုလျှင် ဒီထက်ဆိုးတာတွေ
ဖြစ်လာဦးမည်ဆိုတာလည်း Jeonသိသည်။

Jeon ကားပေါ်ရှိ တစ်ဖက်ကလူကို ကြည့်လိုက်တော့
ကားပေါ်တွင် အေးအေးဆေးဆေး အိပ်နေလေသည်။
Jeon မျက်မှောင်တို့ တွန့်ခနဲ။ ဒီလူကတော့ သူ့ရှေ့ကိုလာပြီး အိပ်နိူင်သေးတယ်။

"ဟေ့လူ ဒီမှာ ခင်ဗျား အင်္ကျီ ချွတ်စမ်း"

"ဘာကွ! ဘာကိစ္စနဲ့ အင်္ကျီချွတ်ရမှာတုန်း"

Jeon အော်လိုက်မှထို သူသည် မှုန်ကုပ်ကုပ်နဲ့ ကြည့်လာသည်။

"ကျုပ်လက်မှာ သွေးထွက်နေတယ်လေ အဲဒါ သွေးတိတ်အောင်လုပ်ပေး"

"လုပ်မပေးနိူင်ပါဘူး သွေးမထွက်စေချင်ရင် မင်းလက်နဲ့မင်း ရအောင်ဖိထားပေါ့ ငါနဲ့ကအနေသာကြီး"

လူကိုမျက်ခုံးပင့်၍ ပြောလာပုံက ကားပေါ်ကနေ ကန်ချပစ်ချင်စရာ။ ထပ်၍ပြောလာသည်က

"ငါ့အင်္ကျီက စျေးကြီးတယ်"တဲ့။

"ကျုပ်အင်္ကျီကလည်း လမ်းဘေးက ကောက်လာတာမဟုတ်ဘူး"

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Opowieści tętniące życiem. Odkryj je teraz