Sမြို့တော်ရဲ့ ညနေခင်းဘက်ကတော့ စည်စည်ကားကားပါဘဲ။
ဘဝအထွေထွေ၊ လှုပ်ရှားမှုအမျိုးမျိုးနဲ့ လိုချင်တဲ့
ပန်းတိုင်ကို ရောက်ဖို့ တာစူနေကြတဲ့ သူတွေရယ်၊
အေးအေးချမ်းချမ်း မြစ်နံဘေးမှာထိုင်လို့ လေညှင်းခံနေကြသူတွေရယ်နဲ့ လှလှပပပါဘဲ..။အပြင်ဘက်မှာ ဆူညံနေသလောက် အိမ်လေးတစ်အိမ်ကတော့
လူမရှိသလို တိတ်ဆိတ်လို့။ ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့
လူနှစ်ယောက်ဟာလည်း စကားတွေပါမက၊ မျက်လုံးတွေကစလို့ အမူအရာအားလုံးဟာ တိတ်ဆိတ်စွာ။"အစ်ကို.."
ထွက်ပေါ်လာတဲ့ အသံတိုးတိုးဟာ ပုံမှန်ပေမယ့်
ဘာတွေပျော်ဝင်နေမှန်းမသိသလို နည်းနည်းတော့ ကွဲအက်အက်။"အဲဒီအကြိတ်တွေက ရိုးရိုးအကြိတ်ဖြစ်မယ်လို့ အစ်ကို ထင်လား"
"Hwanji!"
သူမဘက်ကို လှည့်လာခဲ့တဲ့ အစ်ကိုရဲ့မျက်ဝန်းမှာ
ဘာအရိပ်တွေ ကပ်ငြိနေသလဲ သူမ မမှန်းတတ်ဘူး။
ဒါက အစ်ကိုနဲ့ ပထမဆုံးအကြိမ် နီးနီးကပ်ကပ်နေရလို့များ
ထွေပြားသွားသလားပဲ..။ ပုံမှန်ဆို သူမက အကို့မျက်ဝန်းတွေကို ဘာသာပြန်တတ်ပါတယ်..နည်းနည်းလေး အရောင်ပြောင်းသွားတာက စလို့ပေါ့။ဟုတ်တယ်။ ဒါက အစ်ကိုနဲ့ ကျွန်မ အိပ်ရာတစ်ခုတည်းအပေါ်မှာ
နီးနီးကပ်ကပ် ရှိနေကြခြင်းပဲ။ အစ်ကိုဟာ ကျွန်မဘေးမှာ
ရှိနေပေမဲ့ ကျွန်မမြင်နေရတာက ကျွန်မအဆုတ်ထဲက အလုံးအကြိတ်တွေ..။သေးသေးလေးတွေရော၊ နည်းနည်းကြီးတာတွေရော.. CTဓာတ်မှန်ထဲမှာ မြင်ခဲ့ရတဲ့ အဆုတ်ဟာ အနာတွေ ဗရပွနဲ့။"CTဓာတ်မှန် Reportကို ကြည့်ချင်တယ် အစ်ကို"
"မကြည့်ရဘူး ဆရာဝန်က ပြောလိုက်တယ်လေ.. ဒီအချိန်မှာ ဘာမှန်းသေချာ မသိနိူင်ဘူးလို့၊ TBလည်း ဖြစ်နေနိူင်တာဘဲ လျှောက်မတွေးနဲ့တော့"
"သေချာဖို့ဆို ဘာလုပ်ရမလဲ"
"အသားစယူရမှာ"
"ညီမလုပ်မယ်"
"Hwanji..."
အစ်ကို့ရဲ့အမူအရာတွေဟာ အထိတ်တလန့်။ သူမအတွက်တော့ သိပ်ဝမ်းနည်းစရာ။
YOU ARE READING
အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)