ကိုကိုတစ်ယောက် သတိလစ်ပြီး ဆေးရုံကို ရောက်လာတယ်ဆို၍
Tae ဆေးရုံရဲ့ Emergency Department သို့ ရောက်လာခဲ့သည်။ဆေးရုံရဲ့ ကုတင်ပေါ်မှာ တစ်ယောက်တည်း လှဲနေသော
ကိုကိုက ဖြူဖတ်ဖြူရော်ရယ်။ Jeon Jungkook ဆိုတဲ့
ထိုကောင်လေးကိုတော့ မတွေ့ရ။ Tae သက်ပြင်းတစ်ချက်ရှိုက်၍
ကိုကို့ဘေးနားသို့ ဝင်ထိုင်လိုက်သည်။"ကိုကိုရာ ဘယ်လိုတွေတောင်ဖြစ်နေတာလဲ ကျွန်တော်နဲ့ မနေတာ တစ်ပတ်လောက်ပဲ ရှိသေးတာလေ"
ကိုကိုက တော့ Tae ကို သူအဆင်ပြေကြောင်း လှလှပပ ပြုံးပြလာပါသည်။
"ကိုကိုက ဘာမှမဖြစ်ပါဘူး Tae ရ စိတ်မပူနဲ့ ဟုတ်ပြီလား ဒါနဲ့ ကိုကို့ကို စိတ်မဆိုးဘူးလား"
"အင်း စိတ်ဆိုးတာပေါ့ Tae ကို ဘာမှမတိုင်ပင်ဘဲ လုပ်တာကို"
"အင်း sorry Tae ဒါက ဒီအတိုင်း မစီစဉ်ဘဲ ဖြစ်သွားတာ"
"အင်းပါ ကိုကို အဆင်ပြေရင် ပြီးတာပါဘဲ အခုက ဆေးရုံကို ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ"
"အာ ဒါက Hypo နည်းနည်းရသွားလို့ရယ် အခုက Glucose ထိုးထားပေးတော့ အဆင်ပြေတယ် ပြီးတော့ Drip လည်း ချိတ်ထားတာဘဲ"
ထိုအချိန်တွင် Customer service မှ မိန်းကလေးတစ်ယောက် ရောက်လာလေသည်။
"CEO ရှင့် အပေါ်ထပ်က အခန်းတစ်ခုခုမှာ နားချင်ပါသလားရှင့်"
"အာ ရတယ်ရတယ် ဒီမှာအဆင်ပြေတယ် မင်းတို့ တခြား လုပ်စရာ ရှိတာသာလုပ်"
ကောင်မလေးက ထိုသို့မေးတော့ CEOလေးက ပြာပြာသလဲ ငြင်းရှာသည်။
"ဟုတ်ကဲ့ ဒါဆို ခွင့်ပြုပါဦးရှင့်"
ထိုမိန်းကလေး ထွက်သွားတော့မှ ကို့ကို ကြည့်၍
Tae ခေါင်းခါမိသည်။ ပြီးတော့ ကိုကိုဟာ သိပ်
ခေါင်းမာလွန်းပြီး တစ်ခုခုကို အမြဲ လျှို့ဝှက်ထားတတ်သည်။"ဒါနဲ့ ဟိုကောင်ကရော ကိုကို"
"အမ် Jeon Jungkook လား မသိဘူးလေ"
"ဒါဆို ဒီကို ဘယ်သူလိုက်ပို့လိုက်တာလဲ"
"အဲဒါလည်း မသိဘူး"
"ကိုကို!"
ဘာမေးမေး မသိဘူးဘဲ ဖြေနေသော ကိုကို့ကို စိတ်တိုတိုနဲ့
အော်လိုက်တော့လည်း မျက်လုံးလေး ကလယ်ကလယ်နဲ့ရယ်။
ထို့ကြောင့် Tae လေသံကို တစ်ထစ်လျှော့၍ ချော့ပြောရပြန်သည်။
YOU ARE READING
အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)