Chapter 20 ( ကြိုး)

622 60 1
                                    

ကြောင်ငယ်လေးကို လိုချင်လွန်းလို့ အနားမှာအပိုင်
သိမ်းထားပေမဲ့ သခင်ဖြစ်သူဟာ ကြောင်ငယ်လေးကို
မချစ်ပါဘူးတဲ့လေ ။ သခင်ဟာ သူ့အပိုင်ကြောင်လေးကို
ချစ်ခြင်းမေတ္တာနယ်မြေထဲ ဆွဲမသွင်းသလို ကြောင်လေးကိုလည်း ကျူးလွန်ခွင့်ပေးမှာ မဟုတ်ဘူး။

ဒါဆို Jeonရဲ့ နယ်နိမိတ်စည်းမျဥ်းလေးက ဘယ်ကစလဲ
မေးဆို ကြောင်ငယ်လေးရဲ့ ဆံဖျားကစပြီး ခြေဖဝါးနုနုမှာ
ဆုံးတယ်တဲ့ ။ Jeonနယ်မြေမှာ ကြောင်ရိုင်းလေးသာလျှင် ခြေချ ခွင့်ပေးထားပြီး နောက်ပြန်
လှည့်လို့မရနိူင်တဲ့ တစ်ခုတည်းသောနေရာ။ Jeon ခတ်ထားတဲ့ စည်းမှာ မေတ္တာကြိုးမပါဘူး၊
သံယောဇဥ်ကြိုးတွေနဲ့လည်း ရစ်နှောင်မထားဘူး။

ကမ္ဘာပေါ်မှာ ဘယ်လိုကြိုးတွေရှိသလည်း Jeon
မသိဘူး။ Min Yoongiကို ဘာကြိုးတွေနဲ့ချည်ရင်
Jeonအနားမှာ မြဲနေမလဲဆိုတာကိုလည်း Jeon
မသိဘူး။ ကြောင်ငယ်လေးကို Jeonအနားမှာ မြဲနေ
စေချင်တာဘဲ Jeon သိတာ၊ ရေမရှိရင် မရှင်သန်နိူင်တဲ့
ပန်းပင်လေးလိုပေါ့ ကြောင်ငယ်လေးက သခင်ဖြစ်သူကို အမြဲ မှီခိုစေချင်တာရယ်။

Jeon က ဒီအမျိုးသားလေးကို ချစ်လားမေးရင်လည်း
ဟင့်အင်းလိုဘဲဖြေမှာ၊ ဘာလို့ဆို Jeonက အချစ်
အကြောင်းမသိသလို သိလည်းမသိချင်ဘူးရယ်။
သို့သော် ကြောင်လေးများ တစ်ခုခုဖြစ်ရင် Jeonတို့က အရင်ပြာယာခတ်ရတာ။

မနေ့ညက အရှိန်နဲ့ အခုချိန်အထိ မနိုးသေးတဲ့ ကြောင်ရိုင်းလေးဟာ
အိပ်နေတာတောင် စူပုပ်ပုပ်နဲ့ရယ််။ Jeonအရှေ့မှာဆို အမြဲတမ်းစိတ်အလိုမကျတတ်တဲ့
ကြောင်ရိုင်းလေးဟာအလိုလိုက်ခံထားရတဲ့ ကလေးငယ်လို ဆိုးချင်တိုင်းဆိုးပြသည်။

အိပ်ပျော်နေဆဲ ဖြစ်တဲ့သူကို ခနထားခဲ့ပြီး Jeonကတော့
ဆန်ပြုတ်ပြုတ်ရန်အတွက် Kitchen Room ထဲသို့ ဝင်ခဲ့လိုက်သည်။

ပထမဆုံး အိုးထဲသို့ ရေအနည်းငယ်ထည့်၍ တည်လိုက်ပြီး
ရေပွက်သည့်အခါ အသင့်စား ဆန်ပြုတ်ထုပ်ကို
ဖောက်ထည့်လိုက်သည်။ ဆန်ပြုတ်က နည်းနည်း
နူးလာသည့် အချိန်ရောက်မှ စနစ်တကျ လှီးဖြတ်
ထားသော အသီးအရွက်တို့ကို ရေဆေး၍ ထည့်လိုက်သည်။ နောက်ဆုံးအနေနှင့် ကြက်ဥတိို့ကို
ဖောက်ထည့်လိုက်ကာ အရသာအနည်းငယ်ထည့်လိုက်ပြီး ဆန်ပြုတ်ပြုတ်ခြင်းကို အဆုံးသတ်လိုက်သည်။

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Where stories live. Discover now