Final Chapter(Alpsတောင်တန်းတွေရဲ့အလွန်)

333 26 2
                                    

လေဆိပ်ရောက်တာနဲ့ လေယာဥ်ပေါ် တန်းတက်လို့ရသည်အထိ Jeonက စီစဥ်ပြီးသား။ကားသော့ကို Xဆီသို့ပစ်ပေးလိုက်ပြီး Jeonကတော့ အမျိုးသားလေးလက်ကိုဆွဲလို့ လေယာဥ်ပေါ် တက်ခဲ့လေသည်။

"Jungkookဘယ်သူမှ မရှိဘူးလား"

"အင်း မရှိဘူးလေ..မောင်တို့နှစ်ယောက်နဲ့ Pilotတွေနဲ့ပဲ"

"Wow"

"ဘယ်လိုလဲ..ဒီအမျိုးသားလေးက ချမ်းသာတယ်မလား"

"အင်း..ငါ့ကောင်လေးက ချမ်းသာတာအပြင် သိပ်သိပ်တော်"

Jeonက ပြုံးစစနဲ့ စတော့ Jeonအသည်းလေးက လက်မလေး
တထောင်ထောင်နဲ့...။တကယ်လည်း Jeon Jungkookက လက်မထောင်နိူင်တဲ့ အမျိုးသားလေးလေ...။

"ဒါလေး လဲလိုက်ချင်လား"

Jeonလက်ထဲမှာ ကိုင်ထားတဲ့ အဝတ်စားတစ်စုံ။

"အင်း...ဟို..ငါ..လဲစရာ အခန်း"

"ဒီမှာပဲ လဲလိုက်လေ.."

"အင်.."

"ဟားဟား...လာ မောင့်နောက်လိုက်ခဲ့"

အင်တင်တင်မျက်နှာလေးနဲ့ ရှက်နေတဲ့ လူကြီးလေးကို လက်ဆွဲခေါ်ပြီး Jeonက အခန်းတစ်ခုကို ဖွင့်လိုက်သည်။

"ဒါက အိပ်ခန်း၊ ကဲ လဲတော်မူပါဗျာ.."

"ဟီး...အဝတ်လဲပြီးရင် အိပ်လို့ရလား Jungkookie"

သွားသေးသေးလေးတွေ ပေါ်အောင် ရယ်ပြနေမှတော့
သူက ဟင့်အင်းလို့ငြင်းနိူင်ပါ့မလား။ အချိန်ပြည့် အိပ်ချင်နေသူလေးကို
လေယာဥ်ပေါ် မှာတော့ ပေးအိပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ဟိုရောက်ရင် အားမနာရတော့ဘူး..။အခုတော့ ဒီလူကြီးလေးကို အလိုလိုက်ထားမယ်..၊ပြီးရင် သူ့ကို အလိုလိုက်ရမယ်..။

"ဟုတ်ပြီ...အိပ်ပါဗျာ.."

"Jungkookie"

Jeonရင်ခွင်ထဲ မြုပ်လို့နေတဲ့ လူသားသေးသေးလေးကို
တင်းနေအောင် ဖက်ထားပေးတော့ ကြောင်လေးလို ငြိမ်နေပြန်ရော..။

"ဗိုက်ဆာတယ်..."

"အင်း..အဆာပြေဘာစားချင်သေးလဲ၊Juiceနဲ့ အချိုပွဲတစ်ချို့ မောင်ယူထားတယ်"

"တော်ပြီ နည်းနည်းပဲ စားတော့မယ်...ပြန်အိပ်ချင်နေသေးတယ်"

"မောင်ခွံကျွေးရမလား"

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Where stories live. Discover now