"ညဥ့်နက်နေပြီ အိပ်တော့လေကွယ်"
"ဟုတ် ခနလေးပါ အစ်ကို"
"မခနနဲ့တော့ သားအိပ်နေတဲ့အချိန်လေး အိပ်ရမှာ နို့မို့ဆို မင်းပဲ ပင်ပန်းတယ်လေ အစ်ကိုပဲရှင်းလိုက်မယ်"
"ဟုတ် ဟုတ် အစ်ကို"
စားပွဲပေါ်က စာရွက်တွေကို သိမ်းရန် ကြည့်လိုက်တော့
ကလေးအင်္ကျီပုံလေးတွေ။ သားအတွက် ဒီဇိုင်း
ဆွဲနေတာဖြစ်မှာ။ စာရွက်တွေကို အစီစဥ်တကျ
ပြန်စီလိုက်သည်။ ထို့နောက် သားတို့ရှိမယ့်အခန်းထဲ
ဝင်ကြည့်တော့ သားအမိနှစ်ယောက်က အိပ်ပျော်
နေလေပြီ။ ခြုံထားတဲ့စောင်ကို ရင်ဘတ်အထိ
ဆွဲတင်ပေးလိုက်ကာ သူကတော့ အခန်းထဲက
ဆိုဖာပေါ်မှာ အိပ်ရန်ပြင်လိုက်သည်။အသက်ရှစ်လပဲရှိသေးသည့် သားလေးက ဝတုတ်တုတ်လေးနှင့်
ချစ်စရာကောင်းစွာ သူ့နည်းတူ ပါးချိုင့်လေးနှစ်ဖက်နှင့်။
ရယ်လိုက်လျှင် မျက်လုံးများ မှိတ်ကျသွားသည်အထိ
အားရပါးရ ရယ်တတ်ပြီး သိပ်လည်သော ကလေးလေးဖြစ်သည်။တခြားကလေးတွေလို အခန်းခွဲသိပ်တာမျိုး မလုပ်ဘဲ
သားရဲ့အမေက သူနဲ့အတူပင် အိပ်စေသည်။
မိခင်နို့ကိုသာ တိုက်ကျွေးတဲ့ သူမက သူမရဲ့
အလှအပထက် သားရဲ့ကျန်းမာရေးကိုသာ ဦးစားပေးခဲ့ပါသည်။
သားအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းပဲမို့
အရမ်းပင်ပန်းရှာတဲ့ ထိုအမျိုးသမီးလေးကို ကူညီဖို့
သူကတော့ ဒီအခန်းထဲမှာ လာအိပ်လေ့ရှိသည်။ခြောက်ကပ်ကပ် အိမ်ငယ်လေးဟာ သားရဲ့ ရယ်သံ၊
ငိုသံလေးတွေကြောင့် စိုစိုပြည်ပြည် ဖြစ်လာခဲ့သလို
အရာရာဟာလည်း ပုံမှန်အတိုင်း လှည်ပတ်လို့နေခဲ့လေသည်။ဒယ်ဒီနှင့်သူ့ရဲ့ ဆက်ဆံရေးကတော့ အဆိုးကြီးမဟုတ်တော့ပေမဲ့ နည်းနည်းတော့ အေးစက်နေဆဲ။
"အ့ ကျစ်!"
အိပ်ပျော်နေစဥ်အတွင်း ကြားလိုက်ရတဲ့ ညည်းညူသံတစ်ခုကြောင့် သူဆတ်ခနဲ နိုးလာခဲ့သည်။
"ဘာဖြစ်လို့လဲ Aji"
"ခါးနည်းနည်းနာနေလို့ပါ sorryနော် ညီမကြောင့် အစ်ကို နိုးသွားတာလား"
YOU ARE READING
အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)