"ဒီနေ့တော့ Oncoက ဆရာ လာကြည့်ပေးပါမယ်တဲ့။ ကဲ.. သမီး ဘာအဆင်မပြေတာ ရှိသလဲ ဆရာ့ကိုပြော"
"ဟုတ် နေရတာ အဆင်ပြေပါတယ် ဆရာ ကျေးဇူးလည်းတင်ပါတယ်"
"အေးပါကွယ်.. ဘာမှ စိတ်မပူနဲ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ ကဲ.. ဒါဖြင့် ဆရာပြန်အုံးမယ် နောက်နေ့မှ တစ်ခေါက်ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"အေးအေး တစ်ခုခုဆို ငါ့ဆီချက်ချင်း ဖုန်းဆက်နော် Namjoon"
"ဟုတ်ကဲ့ပါဆရာ ကျေးဇူးလည်း တင်ပါတယ်"
"မလိုပါဘူးကွာ.. ကဲ ငါသွားပြီ"
လူနာခန်းထဲက ထွက်သွားတဲ့ ဆရာကတော့ ကော်ရစ်တာ
တစ်လျှောက် တာဝန်ကျ ဆရာဝန်လေးနှင့် သူနာပြု
ဆရာမလေးတို့ကို မှာစရာရှိတာ မှာနေလေရဲ့။
လူနာဝတ်စုံနဲ့ သူမကတော့ ပြတင်းပေါက်ကို
မျက်နှာမူပြီး အပြင်က မြို့ရဲ့ မြင်ကွင်းတွေကိုသာ ကြည့်နေလေသည်။"အစ်ကို လာထိုင်လေ"
သူ့ဘက်ကို လှည့်ကာ ပြုံးလို့ စကားဆိုလာတဲ့ သူမက ဘာဝေဒနာမှ မခံစားနေရဟန်။
"အစ်ကို ကြည့်ကြည့် အဆောက်ဦးတွေနဲ့ လူတွေကို ထိုင်ကြည့်ရတာ သိပ်ကြည့်လို့ကောင်းတာပဲ"
လူနာကုတင်ဘေးက ခုံပေါ်မှာ ဝင်ထိုင်ကာ သူမပြောသလို ရှူခင်းမဟုတ်တဲ့ လူတွေရဲ့ဘဝတွေကို ထိုင်ကြည့်နေမိသည်။
"သြော.. အစ်ကို ဆိုင်က အစ်ကိုမရှိတော့ တကယ် အဆင်ပြေရဲ့လား"
"ပြေပါတယ်ကွာ မပြေလည်း ဘာအရေးလဲ ဒီကောင်မလေးလောက်မှ အရေးမကြီးတာ"
"အိုး Hwanjiတို့ သားအမိ ထမင်းငတ်တော့မှာပဲ"
ဒီကောင်မလေး သူ့အပေါ် အားနာနေမှန်း သိပါသည်။
ဆေးရုံစတက်ကတည်းက သူမအနားမှာပဲ တစ်ချိန်လုံး
ရှိနေပေးခဲ့တာမို့ သူမက တကယ်ကို အားနာနေပုံပါပဲ။
သိပ်စိတ်ထားလှသူလေး..။"ကဲ.. ဗိုက်ဆာပြီလား အစ်ကို နေ့လည်စာ ပြင်ပေးမယ် ပြီးရင် ဆေးသောက်ရအုံးမှာ"
"ဆာသေးပါဘူး အစ်ကိုရာ ဆရာလာတဲ့အထိ စောင့်လိုက်မယ်လေ"
"အင်းအင်း မင်းသဘော ကဲလာ ဆံပင်တွေ ရှုပ်ပွနေတာ အစ်ကိုရှင်းပေးမယ်"
DU LIEST GERADE
အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)