Chapter 6 သခင်ကိုယ်တိုင် ဖမ်းယူခြင်း ( U+Z )

821 90 11
                                    


"ဒီတော့ မင်းတို့သူကို ပါအောင် မခေါ်ခဲ့နိူင်ဘူးဆိုပါတော့"

"ဟုတ်ပါတယ် Boss"

"အဟင်း ကောင်းပြီလေ ငါက ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးတဲ့သူမို့ တော်ရင်တော်သလို ဆုချတတ်တယ်၊ မှားရင်လည်း ပြစ်ဒဏ်ဆိုတာရှိသေးတယ်၊ ဒီတော့ မင်းတို့လက်တွေကို လေထဲမြှောက်လိုက်"

"ခင်ဗျာ"

"ငါ စကားနှစ်ခါ မပြောတတ်ဘူး"

ထိုအခါမှ ခါင်း​ပေါ်သို့ မြှောက်တတ်လာသော လက်များ။ Jeonသည် ထိုသူတို့ကိုကြည့်၍ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးပါသည်။ ထိုအပြုံးက မကောင်းတာ တစ်ခုခု လုပ်တော့မယ်ဆို ပြုံးတတ်သည့် ကျောချမ်းစရာ အပြုံးမျိုး။

"ဒိုင်း! ဒိုင်း!"

ထို့နောက် ထွက်ပေါ်လာသော သေနတ်သံများ ။ Jeonက ထိုသူတွေရဲ့ လက်နှစ်ဖက်လုံးကို ရည်ရွယ်ချက်ရှိရှိ သေနတ်နဲ့ ပစ်လိုက်ခြင်း။

"ငါ မင်းတို့ကို အခွင့်ရေးပေးခဲ့တယ်ထင်တယ် သူ့ကိုထိဖို့လေ ဘယ်လိုလုပ်မလဲ မင်းတို့က သူ့ကိုပါအောင် ခေါ်မလာနိူင်ဘူးလေ၊ ပီးတော့ နောက်တစ်ခါဆို ငါ့အပိုင်ကို ထိမယ်ဆို ငါ့စကားအတိုင်း လိုက်နာနိူင်မှထိပေါ့၊ သွားလို့ရပီ"

ထို့နောက် Jeon ရှေ့မှ ထွက်သွားသော လူသုံးယောက်။

Jeon သည် ဟက်ဟက်ပက်ပက်ကို ရယ်မောမိပါသည်။ ကြောင်လေးသည် အလွယ်တကူ ဖမ်းလို့ရတဲ့သူ မဟုတ်ခဲ့ ။ Jeon တို့က ဒါမျိုးကို သိပ်သဘောကျပါသည်။ လွယ်လွယ်ကူကူရရင် ဘယ်ပျော်စရာ ကောင်းပါတော့မလဲ။ တစ်နေ့ Jeon အပိုင်ဖြစ်မယ့်သူဟာ Jeon နဲ့လက်ရည်တူသူ၊ အရည်ချင်းရှိသူဆိုတော့ ကောင်းတာပေါ့။ ဒီတော့ ကြောင်လေးကို သခင်ကိုယ်တိုင် သွားခေါ်ရမှာပေါ့။ ဒီကောင်လေးကို သူပိုင်ရမှကိုဖြစ်ပါမည်။ ဘာလို့ပိုင်ချင်တာလဲဆိုရင် အကြောင်းပြချက်ကတော့ မရှိပေါ့။  လှပတဲ့အရုပ်လေးတစ်ရုပ်ကို ကလေးတစ်​​ယောက်က လိုချင်သလိုမျိုး Jeonသခင်လေးသည်လည်း Min Yoongi ဆိုသည့်ကောင်လေးကို အရုပ်ကလေးတစ်ရုပ်လို ပိုင်ဆိုင်ချင်ရုံ။

ထို့နောက်တွင်တော့ Jeon သခင်လေးသည်
တစ်စုံတစ်ဦးဆီသို့ ဖုန်းခေါ်လိုက်သည်။

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Where stories live. Discover now