Chapter 15 ( Ruckus)

624 68 13
                                    

Min Yoongi ဆီက ပြန်လာကတည်းက Jung Hoseok
တို့ စကားမပြောဖြစ်တာက တစ်အိမ်တည်းနေတဲ့
Taeကိုတောင် အဖက်မလုပ်သလိုပင်။ လက်သီးနဲ့
အထိုးခံလိုက်ရလို့ ရောင်ကိုင်းလာတဲ့ ပါးတစ်ဖက်
ကိုလည်း ကိုယ့်ဘာသာကိုယ် ဆေးလိမ်းနေရသည်။
Jung Hoseok ဆိုတာ လက်သီးနဲ့အထိုးခံရဖို့
နေနေသာသာ မိဘရဲ့ အဆူအငေါက်တောင် ခံဖူးတဲ့သူမျိုး
မဟုတ်တာမို့ အခုလိုဖြစ်တော့ ခံစားချက်က သိပ်မကောင်း။
ဝမ်းနည်းတာလိုလို ငိုချင်တာလိုလိုဖြစ်နေပေမယ့်
ဘယ်သူ့ကို စိတ်ဆိုးလို့ဆိုးမှန်းလည်းမသိ။

မပြောမဆိုနဲ့ ယောကျာ်း တစ်ယောက်နဲ့ ယူလိုက်တဲ့
သူငယ်ချင်းဆိုတဲ့ အကောင်ကိုလား၊ သူငယ်ချင်းကို
အတင်းခေါ်ထားတဲ့ ဟိုကောင်လေးကိုလား၊ ဒါမှမဟုတ်
ပါးကို လက်သီးနဲ့အထိုးခံလိုက်ရတဲ့အတွက် Min Taehyung
ကိုများ မကျေနပ်နေတာလားဆိုတာ သူမသိတော့ပါ။

ထို့ကြောင့် Jung Hoseokတို့ အိမ်ရောက်တာနဲ့
စကားလည်းမပြောဘဲ ပါး​ကို ရေခဲကပ် ပြီးတာနဲ့
အခန်းထဲဝင် Lock ချ၍ အိပ်ရန်ကြိုးစားပါသည်။
ဒီပုံအတိုင်းဆို ဆေးရုံသွားလို့လည်းမ​ဖြစ်။ သို့သော်
မကြာမီတွင် အခန်း တံခါးခေါက်သံ အဆက်မပြတ်ထွက်ပေါ်လာပါသည်။

"အစ်ကို ကျွန်တော့်ကို တံခါးလေးဖွင့်ပေးပါဦး"

"အစ်ကို အိပ်မနေဘူးဆိုတာ သိတယ် ကျွန်တော်ကို တံခါးဖွင့်ပေးဦးလို့"

"ကျစ် ဘာလဲကွာ "

မှုန်ကုပ်ကုပ်နဲ့ တံခါးအကွယ်တွင် ပေါ်လာသော
အစ်ကို့ရဲ့မျက်နှာ၊ သေချာပေါက် စိတ်ဆိုးနေတာ
ဖြစ်ပါလိမ့်မည်။ ပြီးတော့ အစ်ကိုက အထိမခံတဲ့
ပန်းကလေးလို ကြီးပြင်းလာတဲ့သူမို့ ဒီလောက်လေး
ဖြစ်လည်း အစ်ကို့အတွက်တော့ လန့်နေမှာပင်။
Jung Hoseok ဆိုတာ စည်းစိမ်တွေကြားမှာ ရှင်သန်လာတဲ့
လူသားလေးမို့ နူးနူးညံညံနှင့် စွဲမက်ဖွယ်ရာလေး။

"ဘာမှမဟုတ်ဘူး မျက်နှာ ဆေးထည့်ပြီးပြီလားလို့ လာကြည့်တာ"

"မလိုဘူး ပြန်"

"​စောနကအတွက် တောင်းပန်ပါတယ်"

"မလိုဘူးလို့ မင်းမှားတာလည်း မဟုတ်လို့ မတောင်းပန်နဲ့ "

အခန်း တံခါးပိတ်၍ ပြန်ဝင်ရန်ပြင်နေသော ရှေ့ကလူသား။
Tae တံခါးကိုကန်၍ အခန်းသို့ဝင်လိုက်ပြီး ရှေ့ကလူကို
သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်စေလိုက်သည်။

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Where stories live. Discover now