Private ဆေးခန်းလေး တစ်ခုကနေ ပြန်လာကြတဲ့
လက်ထပ်ခြင်းအမည်ခံထားတဲ့ Joonနဲ့ Hwanji။
အကြောင်းက ကလေးယူရန်အတွက် ပြင်ဆင်ခြင်း။ဆေးခန်းမသွားခင်ကလည်း ဘာစကားတစ်ခွန်းမှ
မဆိုခဲ့တဲ့ အစ်ကိုဟာ သူမဖြစ်စေချင်တဲ့အတိုင်း
လုပ်ဆောင်ပေးခဲ့သည်။ ဆေးခန်းက ပြန်ထွက်လာတော့လည်း
ဘာမှမပြောဘဲ အစ်ကိုဟာ သူ့ရဲ့ စက်ဘီးကို စီး၍ အရင်ထွက်သွားပါတော့သည်။သေသေသပ်သပ် စည်းနှောင်ထားတဲ့ ဆံပင်တွေကို
အစ်ကိုဖြည်ချစေဖို့ မျော်လင့်ခဲ့တာ ရူးရူးမိုက်မိုက်ပေါ့လေ။
သို့သော် အခုလို မလုပ်ချင်တာကို တောင်းဆိုရတာတောင်မှ အားတွေနာလိုက်ရသည့် ဖြစ်ခြင်း။ဖက်ပေါ် ဆူးကျရင် ဖက်နာသလို၊ ဆူးပေါ်ဖက်ကျလည်း
ဖက်ပေါက်တာပါဆို သူမက ဘယ်လမ်းကိုပဲ
ရွေးချယ်ပါစေ
အစ်ကိုအတွက်တော့ ဆူးတစ်ချောင်းအပြင် မပို
ခဲ့ဘူးထင်ပါရဲ့။ သူမအဖြစ်က ဆုပ်လည်းစူး၊ စားလည်းရူးဆိုတဲ့ အဖြစ်မို့ ရှေ့မတိုးသာ နောက်မဆုတ်သာ။အကယ်၍များသာ ကလေးလေးရလာခဲ့လျှင် ဒီလူသားငယ်ငယ်လေးကို
ကောင်းမွန်စွာ ချစ်ခြင်းမေတ္တာအပြည့်နှင့် ပြုစုပျိုးထောင်ရဦးမှာမို့
တောင့်ခံထားရပါမည်၊ သူမမှာ သူမပဲရှိသည်လေ၊
တစ်ခုဘဲ ဖခင်မေတ္တာတစ်ခုကို ပေးနိူင်ပါ့မလားဆိုတာ သူမ မသေချာဘူး။'မေမေက ဒီလမ်းကို ရွေးချယ်မိခဲ့လို့ တောင်းပန်ပါတယ် ကလေးလေးရယ်၊ အကယ်၍ မေမေ့ဆီ ကလေးလေးရောက်လာခဲ့ရင်လေ နောက်ထပ် အပြစ်မလုပ်မိအောင် နေပါ့မယ်'။
သူမဟာ ဒီလူသားငယ်ငယ်လေးကိုတော့ လူတွေကြားထဲက
မြေစာပင်အဖြစ် ထပ်ပြီး အရောက်မခံနိူင်တော့ပါ။
ဝဋ်ကြွေးလို မဆိုချင်ပေမဲ့ ရေစက်တွေကိုတော့ ဒီဘဝမှာတင် အဆုံးသတ်ချင်ပါသည်။🍉🍉🍉
"Namjoon မင်း အဆင်ပြေရဲ့လားကွာ မင်းပုံစံက မှိုင်းတိုင်းတိုင်းနဲ့"
Namjoon အစ်ကို Hoseok ကိုကြည့်၍ ပြုံးပြလိုက်မိသည်။
တကယ်ပါ ဒီအစ်ကိုက လူတစ်ယောက်ကို အမြဲ
စိတ်သက်သာရာရအောင် လုပ်ပေးနိူင်သည်။ ဒါကြောင့်လည်း
အစ်ကို့ကို တစ်ချို့ကို လူသား ဗီတာမင်လေးအဖြစ်တင်စားကြတာ။
ESTÁS LEYENDO
အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)