Chapter 7 (ကျားစာဖြစ်ချင်နေသော ဆရာဝန်လေး)

798 94 5
                                    

ခံပြင်းလိုက်တာ။

ကိုယ်ချစ်တဲ့သူကိုတောင် မကာကွယ်နိူင်လို့။
ဒေါသထွက်လိုက်တာ၊ လှောင်ပြုံးနဲ့ကြည့်သွားတဲ့ မျက်နှာကို။

အားမရလိုက်တာ ကိုယ်ကိုယ်ကို ၊ ဘယ်နေရာမှ အဖြစ်မရှိသလို ခံစားနေရလို့။

အဆိုးဆုံးက ဝမ်းနည်းတာ။ ဘာလို့ ဒီလိုလုပ်သွားရတာလဲ၊ ကိုကိုက တစ်ချက်တောင် လှည့်မကြည့်ဘဲနဲ့​လေ။သူ့မှာသာ အံကြိတ် လက်သီးစုပ်ရုံကလွှဲ၍ ဘာမှလုပ်လို့မရတဲ့ အခြေအနေ။

နာနေတဲ့ ခြေထောက်ကိုကြည့်မိတော့ ဟိုကောင်ရဲ့ အင်္ကျီက သူ့ခြေထောက်မှာ၊၊ သူပေးတဲ့ ဒဏ်ရာကို သူ့အင်္ကျီနဲ့ ပြန်စည်းထားရတာ ရယ်စရာတော့ကောင်းသား၊ စိတ်တိုတိုနဲ့ ဆွဲပြီး လွှင့်ပစ်ရအောင်လည်း စည်းပေးတဲ့လူတောင် စည်းပေးသွားသေးတာဆိုတော့လည်း။

ညမီးရောင်အောက်မှ လှပနေတဲ့ Sမြို့လူသွားလမ်းပေါ်က ကောင်လေးတစ်ယောက်ရဲ့ တည်ရှိမှုက မိဘက စွန့်ပစ်ခံလိုက်ရတဲ့ ကလေးတစ်ယောက်နှယ် ခပ်ပုံ့ပုံ့။
ထိုကောင်လေး၏ဘေးသို့ ထိုးရပ်သွားသော ကားတစ်စီးထဲမှ လူတစ်ဦးသည်လည်း ထိုကောင်လေးအနားသို့ အပြေးတစ်ပိုင်းရောက်လာလျှက်။

"Taeဘာဖြစ်တာလဲ ဒဏ်ရာရထားလို့ဆို၊ ဟိုကောင် Yoongiကရော"

"သေနတ်နဲ့ အပစ်ခံရတာ ဘာမှမဖြစ်ဘူးရယ် ကိုကိုက Jeon Jungkook ခေါ်သွားတယ်"

"ဘယ်သူက ပစ်သွားတာလဲ"

"Jeon Jungkook"

"ဘာရယ်! ဒီလောက်ဖြစ်သွားတာတောင် သူက ဘာကိစ္စနဲ့ လိုက်သွားတာလဲ "

"မသိဘူး"

""တွေ့ဦးမယ် ခွေးကောင် ငါ့ကိုကျဒုက္ခပေးပြီးတော့ နေပါဦး မင်းတို့နှစ်ကောင် ဘာပြဿနာတွေ သွားရှာထားတာလဲ"

"အာ နားတွေညီးတာ အစ်ကိုရာ မမောသေးဘူးလား မိန်းမကြီးကျလို့"

"တယ်!ငါပစ်ချထားခဲ့လိုက်ရ လာ မြန်မြန်လျှောက်"

Tae အစ်ကို့ကိုကြည့်၍ ပြုံးနေမိသည်။ သူ့ရဲ့လက်တစ်ဖက်က အစ်ကို့ရဲ့ ပုခုံးပေါ်မှာ၊ သူ့ရဲ့ နှာခေါင်းက အစ်ကို့ရဲ့ခေါင်းနဲ့က တစ်တန်းထဲ၊ အစ်ကို့ရဲ့ ဆံပင်တွေကို ခိုး၍တစ်ချက် နန်းလိုက်သည်။ အင်း သင်းပျံ့ပျံလေး၊ ထပ်၍ထပ်၍ နမ်းရှိုက်ချင်လာအောင် ဆွဲဆောင်နေသည်။ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်ပေါ့။

အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)Where stories live. Discover now