Part 41

264 35 32
                                    

Zawgyi

Perth နောက်တစ်နေ့မနက်တွင် အိပ်ချင်မူးတူးဖြင့် မျက်လုံးတောင်မပွင့်နိုင်သေးဘဲ ဘေးကချစ်ရသူကို ဆွဲဖက်လိုက်သည်။သို့သော် သူ့လက်ကစမ်းမိသည်မှာ ဖက်ခေါင်းအုန်းကြီးသာဖြစ်နေသည်။

ခေါင်းထောင်ကာ အခန်းထဲကြည့်တော့လဲအခန်းထဲမှာမတွေ့တာကြောင့် Perth ငုတ်တုတ်ထထိုင်မိလိုက်သည်။

ရေချိုးနေတာများလား..

နာရီကိုလှမ်းကြည့်တော့ ၁၁ တောင်ခွဲနေပြီဖြစ်သည်။Perth လဲထပ်အိပ်မနေတော့ဘဲထကာ ရေချိုးခန်းတံခါးကိုခေါက်ကြည့်လိုက်သည်။

"Saint အထဲမှာလား"

တံခါးက လော့မချထားတာကြောင့် အသာတွန်းဖွင့်ကြည့်တော့ ရေချိုးခန်းထဲမှာလဲမရှိပေ။Perth ခေါင်းမွှေးတွေပါထောင်ချင်သွားသည်။

မဟုတ်မှ.. မဟုတ်လောက်ဘူးနော် Saint တကယ်ကြီး ရိုက်ကွင်းအတွက်ထသွားတာလား

Perth ကုတင်ဆီအမြန်ပြန်ပြေးလာကာ ဖုန်းယူပြီး Saint ရဲ့ social media တွေကိုကြည့်လိုက်သည်။မနက် ၈ နာရီလောက်ထဲက ရိုက်ကွင်းကိုရောက်နေသည်တဲ့။

Perth ကုတင်ပေါ်ထိုင်ကျသွားမိသည်။သူမနေ့ညက ဘယ်လောက်ထိ ကြမ်းသွားလဲဆိုတာ သူ့ကိုသူသိသည်။Saint လမ်းလျှောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေမှာ အဲ့တာကြောင့် မသွားလောက်ဘူးဘဲထင်ပြီး အေးဆေးအိပ်နေခဲ့တာဖြစ်သည်။အခုတော့ ဖုန်းထဲမှာ မြင်နေရတဲ့ မျက်နှာလေးက ပြုံးရီနေပေမယ့် Saint နေလို့မကောင်းတာ Perth ဘဲသိသည်။

Perth ရေအမြန်ချိုးကာ စားစရာတစ်ချို့ဝယ်ပြီး Saint ရိုက်ကွင်းထိလိုက်သွားလေသည်။ကံကောင်းချင်တော့ ရိုက်ကွင်းက ကျောင်းထဲမှာဆိုပေမယ့် ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ကျောင်းသားတွေအများကြီးမရှိကြပေ။အပြင်လူတွေကိုလဲ ရိုက်ကွင်းနားမကပ်အောင် တားထားပြီးသားဆိုတော့ လူမြင်မှာမစိုးရပေ။

Perth အထုပ်တွေဆွဲကာ ကားတံခါးဆောင့်ပိတ်ပြီး ရိုက်ကွင်းနားပြေးသွားလိုက်သည်။

"Sa..."

"မင်းဒီကိုဘာလာလုပ်တာလဲ"

Saint နားမရောက်ခင်မှာတင်ရှေ့ကနေ ပိတ်ရပ်လာသော Zee ရဲ့မန်နေဂျာနဲ့ တည့်တည့်တိုးတော့သည်။

Beyond the Character(On Going)Where stories live. Discover now