Part 24

384 55 46
                                    

"ကိုကို ကျွန်တော် ပြောစရာရှိတယ်"

ကုတင်ပေါ်တွင်လှဲကာ ဖုန်းကြည့်နေသော Saint ဘေးသို့ Perth ဝင်ထိုင်လာရင်း စကားစလိုက်သည်။Saint လဲဖုန်းပိတ်ကာ ထထိုင်လိုက်ရင်း Perth ကိုပြော ဆိုသည့် သဘောဖြင့် ငြိမ်ငြိမ်လေးကြည့်နေလေသည်။

"ကျွန်တော်တို့ နှစ်ယောက်လေ တစ်ကယ်လို့ဝေးသွားခဲ့ရင် ကိုကို ကျွန်တော့်ကိုမေ့သွားမှာလား"

ထူးဆန်းသော Perth စကားကြောင့် Saint မျက်မှောင်တို့ တွန့်ချိုးသွားသည်။

"Perth ကလဲ P တို့က ဘာလို့အဲ့လိုဖြစ်ရမှာလဲ"

"ကျွန်တော်မေးတာဘဲဖြေပါ ကိုကိုကျွန်တော့်ကိုမေ့မှာလားလို့"

ကလေးဆန်သည့်မေးခွန်းကို အတင်းအဖြေတောင်းနေသော ရှေ့က ၁၈ နှစ်သားပေါက်စနကို Saint နဖူးတစ်ချက်ဖွဖွလေးတောက်လိုက်လေသည်။

"ကိုကိုက အဲ့လိုမေ့စရာလား စိတ်ချ အဝေးကြီးရောက်သွားရင်တောင် မေ့မှာမဟုတ်ဘူး"

သူလိုချင်သော အဖြေရမှ ပြုံးကာ လက်နှစ်ဖက်ဆန့်တန်းရင်း သူ့ဆီခေါ်နေသော Perth ကြောင့်Saint တစ်ယောက်ရင်ခွင်ထဲကို တန်းတိုးဝင်သွားလိုက်သည်။ကိုယ့်ထက်ငယ်ပေမယ့် ရင်အုပ်ကျယ်ကျယ်က Saint ကိုအနွေးဓာတ်ပေးဖို့လုံလောက်နေလေသည်။

"ကိုကိုသိလား ကိုကိုနဲ့သာဝေးသွားရင် ကျွန်တော်တကယ်ရူးသွားလောက်တယ်"

"Perth အဲ့လိုမျိုးတွေလျှောက်မတွေးပါနဲ့တော့ဆိုနေ မင်းဒီရက်ထဲ တမှိုင်မှိုင်ဖြစ်နေတာ အဲ့ကိစ္စကြောင့်လား"

Perth ဘာမှပြန်မဖြေတော့ Saint လဲသိလိုက်ပါသည်။Saint Perth ခါးလေးကိုဖက်ကာ ရင်ခွင်ထဲပိုတိုးရင်း မှီတဲ့မေးစေ့လေးကို မော့ကာ အနမ်းပေးလိုက်သည်။

"ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် ထားသွားမှာမဟုတ်လို့ အဲ့လိုတွေမတွေးနဲ့နော် ကိုကို့မှာလဲ Perth တစ်ယောက်ဘဲရှိတာကို"

Perth ရင်ခွင်ထဲက ကလေးကြီးကို တင်းနေအောင်ပွေ့ဖက်ထားလိုက်သည်။အခြေအနေတွေက အရင်နဲ့မတူတော့သလိုခံစားနေရတယ် ကိုကို.. ကျွန်တော် ဟိုလူ့ကိုတွေ့တိုင်းစိတ်ထဲထင့်နေမိတယ်။သူ ကိုကို့ကိုကြည့်တဲ့ အကြည့်တွေကို ကျွန်တော်လုံးဝမကြိုက်ဘူး။အဲ့ထက်ဆိုးတာက သူက P'Chen နဲ့အရမ်းရင်းနှီးနေတဲ့ပုံပေါက်တယ် အဲ့နေ့က သူတို့စကားပြောနေတာကို တွေ့လိုက်ပြီးထဲက ကျွန်တော့် စိတ်တွေလေးနေတာ။သူတို့ ကျွန်တော့်ဆီကနေ ကိုကို့ကို ဆွဲထုတ်သွားကြရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲ။

Beyond the Character(On Going)Donde viven las historias. Descúbrelo ahora