Part 34

296 35 66
                                    

ဆေးရုံအတွင်းက လူနာတွေ ဆရာဝန်တွေအတွက်လုပ်ပေးထားသော မုန့်စားဆောင်တစ်ခုထဲတွင် ဧည့်သည်လာတွေ့တဲ့သူအနည်းငယ်နဲ့ မုန့်စားနေသော ဆရာဝန်အချို့ကလွဲရင် လူနည်းနည်းကျဲနေလေသည်။

ထိုထဲက စားပွဲတစ်ခုမှာတော့ မျက်နှာချင်းဆိုင်ထိုင်နေကြသည့်သူ ၂ ယောက်က မျက်နှာထားတွေတင်းမာနေဆဲ။တစ်ယောက်ကတော့ ဒေါသထွက်နေပေမယ့် တစ်ဖက်ကလူငယ်လေးက တော့ အေးတိအေးစက်ပင်။

"P'Chen ပြောစရာရှိတာ ပြောပါ P'Saint ကိုဂရုစိုက်ပေးရအုန်းမှာ ကျွန်တော်တစ်နေကုန်အချိန်မရဘူး"

မထီလေးစားပုံနဲ့ ပြောလာသော Perth ကို ကြည့်ရင်း Chen နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

"ကောင်းပြီလေ အခုဖြစ်သွားတဲ့ကိစ္စကိုမင်းဘယ်လိုရှင်းမှာလဲ"

"ဒါက သူတို့ထင်ကြေးပေးနေတဲ့ သတင်းလေးတစ်ခုဘဲလေ ဘာတွေအဲ့လောက်တုန်လှုပ်နေတာလဲ သူတို့ဆီမှာ ကျွန်တော်တင်တဲ့ story ပုံလေးဘဲရှိတာ ဆေးရုံကပုံတွေမှမဟုတ်တာ"

"Perth မင်းစကားကို အဲ့လိုလွယ်လွယ်မပြောနဲ့ တစ်ခုခုဆို မင်းထက် Saint ကအရင်ထိခိုက်မှာ မင်းနဲ့ဒီလိုသတင်းတွေထွက်နေတာက သူအခုရိုက်မယ့် series အတွက်အများကြီးထိခိုက်နေပြီဆိုတာ မင်းနားမလည်ဘူးလား"

Perth တစ်ချက်ခပ်ဟဟထရီလေသည်။

"အဲ့တော့ P'Chen ကကျွန်တော့်ကိုဘာလုပ်စေချင်လဲ"

"Saint series မပြီးမချင်း မင်းသူနဲ့တွေ့တာကိုရှောင်ပေးပါ"

"အဲ့တာကတော့ မဖြစ်နိုင်ဘူးထင်တယ် ကျွန်တော်လိုက်လျောပေးနိုင်မှာမဟုတ်ဘူး Saint က ကျွန်တော့်ချစ်သူ"

"မင်းချစ်သူက မင်းသားတစ်ယောက်လေ!!"

ဒေါသကြောင့် Chen အသံနည်နည်းကျယ်သွားလေသည်။ဘေးနားက လူတစ်ချို့လှည့်ကြည့်လာတာကြောင့် Perth ဦးထုပ်ကို ဆွဲယူပြီး ခပ်ငိုက်ငိုက်ဆောင်းထားလိုက်ရသည်။

"Saint ကဒီနေ့ ဒီလိုနေရာမျိုးကို မင်းလိုလွယ်လွယ်လေး ရောက်လာခဲ့ရတာမဟုတ်ဘူးနော် သူအများကြီးကြိုးစားခဲ့ရတာ မင်းအခုလုပ်နေတာတွေက ချစ်တယ်ပြောပြီး သူ့အိပ်မက်တွေကို ဖျက်စီးနေတာဘဲ"

Beyond the Character(On Going)Tempat cerita menjadi hidup. Temukan sekarang