Part 6

498 52 6
                                    

Zawgyi

ရိုက်ကွင်းပထမဆုံးနေ့အတွက် အားလုံးကိုယ်စီ စိတ်လှုပ်ရှားနေကြသည်။

Perth-P'Saint ကျွန်တော်ရောက်တော့မယ် P'New ကိုပြောပေးထားပါနော်

Saint-အင်း ပြောပေးထားတယ် စိတ်မပူနဲ့ ကားကို ဖြေးဖြေးမောင်း ဂရုစိုက်မောင်းလာနော် Perth အရမ်းလောမနေနဲ့

Perth-ဟုတ် P'Saint ကျွန်တော်ဖုန်းချလိုက်တော့မယ် နော် ခဏနေရောက်မယ်..

Perth ဖုန်းချပြီး ခဏအကြာ BMW လေးက ရိုက်ကွင်းရှိနေသော ဘက်သို့ရောက်လာသည်။

Perth-Phi... ကျွန်တော်ရောက်ပြီ

P'New ဆီကိုသွားကာ နှုတ်ဆက်နေသော Perth ကိုကျွန်တော် ငေးကြည့်နေမိသည်။အသက်ငယ်ပေမယ့် ရင့်ကျတ်တယ် တော်တယ်...စိတ်ထားကောင်းသလို ရုပ်ကလည်း ချောတယ်..သူက လုံးဝကို Perfect ဖြစ်နေတဲ့ ကောင်လေးတယောက်ဘဲ

P'New နဲ့စကားပြောနေရင်း ကျွန်တော်ရှိသောဘက်ကို ရုတ်တရက်ကြီးလှည့်ကြည့်လာတာကြောင့် အကြည့်ချင်းဆုံသွားမိသည်။သူ့အကြောင်းတွေးနေတုန်း လှည့်ကြည့်၍လားတော့မသိ..သူခိုးလူမိသလိုခံစားလိုက်ရသည်။သူကတော့ ဘာမှမဖြစ်တဲ့ အတိုင်းပြုံးပြကာ ကျွန်တော့်ဆီလျှောက်လာနေလေသည်။

Perth-Phi..ဘာလုပ်နေတာလဲ

Saint ကြောင်သွားကာ..

Saint-ထိုင်..ထိုင်နေတာလေ

Perth သဘောတကျရီလိုက်မိသည်။ P'Saint ရှက်နေတာ သူသိသားဘဲ..ခုန P'New နဲ့စကားပြောနေထဲက ကျွန်တော့်ဘက်ကို ကြည့်နေတာလေ..ကျွန်တော် စချင်တာနဲ့ဘဲ မသိချင်ယောင်ဆောင်ပြီး P'Saint ဘေးက ခုံအလွတ်တွင်ဝင်ထိုင်လိုက်သည်။

Perth-ထိုင်နေတာတော့ P' ပြောမှလားဗျာ မြင်နေတာဘဲကို..ကျွန်တော်က ထိုင်ပြီးဘာလုပ်နေတာလဲလို့မေးတာလေ

Saint-Aww ဒီမှာလေ Script ဖတ်နေတာ

Script စာအုပ်လေး ထောင်ပြကာ ပြုံးပြီးပြောနေသော Phi ကိုကြည့်ရင်း Perth အသဲတွေယားလာ၍ ပါးဖောင်းဖောင်းလေးကို ယောင်ပြီးလှမ်းဆွဲလိုက်မိသည်။

Perth-P'Saint ကချစ်စရာလေး..

Saint-Perth...ဘာ..ဘာလုပ်တာလဲ

Beyond the Character(On Going)Tempat cerita menjadi hidup. Temukan sekarang