Part 40

423 35 25
                                    

Warning: Mature Contents and smut words are included.If you are sensitive with it! You can skip it ‼️‼️

Perth ရဲ့အကြည့်တွေက ဒေါသထွက်နေတဲ့အချိန်ဆို ပုံမှန်ထက်ပိုကြောက်စရာကောင်းလွန်းသည်။အခုလဲ Saint ကိုတံခါးနဲ့သူ့ကိုယ်ကြားညှပ်ပိတ်ထားကာ စူးစူးရဲရဲကိုကြည့်နေလေသည်။ထိုအကြည့်တွေကို Saint ကြာကြာစိုက်မကြည့်ရဲသောကြောင့် မျက်နှာလွှဲမိတော့ Perth ဆီမှ ဟက်ခနဲရီသံတစ်ခုထွက်လာရင်းနဲ့ Saint နားဖျားလေးကိုသွားလေးနဲ့ဖွဖွလေးကိုက်လာသည်။

"ဂျပန်မှာတော်တော်မှပျော်ခဲ့ရဲ့လား ကိုကို"

"အင်း.. အာ့ Perth ဒီနေ့မလုပ်ပါနဲ့.. နော် အကိုရိုက်ကွင်းရှိလို့လေ Perth ကလိမ္မာပါတယ်"

မသိမသာနဲ့ Perth ရင်ဘတ်ကိုတွန်းထုတ်ကြည့်တော့ ချက်ချင်းကို တွန်းထုတ်တဲ့လက်တွေကို Perth ကစုကိုင်ပြီးချုပ်ကာ ခေါင်းအပေါ်နားနံရံတွင်ဖိကပ်ပစ်လိုက်သည်။

"လိမ္မာတယ်တဲ့လား ဒီလိုကိစ္စတွေမှာတော့ ကျွန်တော်ကဆိုးတယ်"

"Perth!"

Saint အော်သံကိုဂရုမစိုက်ဘဲ ဖြူဖွေးကာအတိုင်းသားပေါ်နေသောလည်တိုင်လေးဆီကို Perth ငုံ့သွားကာ သွားရာလေးပေးလိုက်သည်။ထိုသွားရာလေးပေါ်ကိုမှ လျှာလေးနဲ့လျက်လိုက် စွဲဆုပ်လိုက်လုပ်နေရာ လည်တိုင်ဖွေးဖွေးတွင် အနီရောင်အမှတ်သားလေးကထင်းခနဲပေါ်လာသည်။ထိုအမှတ်အသားလေးကိုကြည့်ကာ ကျေနပ်နေသူက Perth ပင်။

"ကိုကိုက ကျွန်တော့်အပိုင် ကိုကို့ကို ရိုက်ကွင်းပေါ်ကလွဲလို့ ကျန်တဲ့အချိန်ထိတွေ့နိုင်တာ ကျွန်တော်တစ်ယောက်တည်းဘဲရှိတယ်ဆိုတာသိတယ်မလား"

Perth Saint ပါးလေးကိုဖွဖွလေးနမ်းလိုက်ကာ မိန်းမောကာရီဝေနေသော အကြည့်များဖြင့် Saint ကိုကြည့်လာသည်။

"ဒီနူတ်ခမ်းတွေကလဲ ကျွန်တော့်အပိုင်"

ပြောပြာဆိုဆိုနဲ့ ပန်းနုရောင်လေးသန်းနေသည့် နှုတ်ခမ်းဖူးဖူးလေးတို့ကိုဆွဲစုပ်နမ်းလိုက်သည်။ညင်သာသည့်အနမ်းမျိုးမဟုတ်ဘဲ သွားနဲ့ပါကိုက်ရင်း ခပ်ကြမ်းကြမ်းပွတ်ဆွဲနေတာကြောင့် Saint ရုန်းမိသည်။သို့သော် ရုန်းလေလေ ဆွဲချုပ်ခံထားရတဲ့လက်တွေလဲနာလာသလို ပိုဖိကိုက်လာတာကြောင့် နှုတ်ခမ်းတွေပါ စပ်ဖြင်းဖြင်းဖြစ်လာ၏။

Beyond the Character(On Going)Tempat cerita menjadi hidup. Temukan sekarang