Part 16

553 49 9
                                    

Zawgyi

ဘာလိုလိုနဲ့ Love by chance series ကြီးတောင် ရိုက်ကူးလို့ ပြီးတော့မယ်...အချိန်တွေက ခဏလေးလိုဘဲ

တစ်နှစ်ဆိုတဲ့ အချိန်တွင်းမှာ ကျွန်တော်တို့ အများကြီး ပြောင်းလဲခဲ့ကြတယ် သူငယ်ချင်းအသစ်တွေ အကိုတွေနဲ့ သိခွင့်ရခဲ့တယ် ခင်မင်ခွင့်ရခဲ့တယ် ကျွန်တော်တို့ကိုဝိုင်းချစ်ပေးကြတဲ့ Fan လေးတွေလည်း အများကြီးတိုးလာကြတယ်

ဒီ Series လေးမစခင်က ကျွန်တော်တို့အားလုံး နေရာတစ်ခုမှာတောင် သေသေချာချာ ရပ်တည်နိုင်ခဲ့ကြတဲ့သူတွေမဟုတ်ဘူး အခုတော့ အရာအားလုံးက ပြောင်းလဲကုန်ပြီ

ကျွန်တော့်အတွက် အကြီးအမားဆုံးပြောင်းလဲခဲ့တာကတော့ သေချာပေါက် P'Saint ဘဲပေါ့ သူ့ကို ကျွန်တော်အရမ်းချစ်တယ် သူနဲ့အတူတူဒီလိုမျိုးလေး အမြဲတမ်းရှိသွားချင်တယ်

PerthSaint Shipper လေးတွေရယ် ကျွန်တော်ရယ် သူရယ်..ပြည့်စုံနေပြီဘဲ ဘာမှမလိုတော့ဘူးလေ

"Perth ဘာလို့ဒီမှာ လာထွက်ထိုင်နေတာလဲ"

သူ့အကြောင်းတွေးနေတုန်းရှိသေး ကျွန်တော့်ဘေးရောက်လာသော P'Saint..

"ဘာမှမဟုတ်ပါဘူး ဒီ series ကြီးပြီးတော့မှာ တွေးမိပြီး စိတ်မကောင်းဖြစ်မိလို့"

"အင်းနော် ဒါပေမယ့် မပူပါနဲ့ P' တို့ ၂ ယောက်က အမြဲအတူတူရှိနေမှာလေ"

"ဟုတ်လို့လား"

မယုံသလို မေးလိုက်တော့ နှုတ်ခမ်းလေးစူကာ မျက်စောင်းထိုးလာသည်။P'Saint ကလေ ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာ ကျွန်တော့်အပေါ်ပို ကလေးဆန်ပြီး ပိုချွဲ ပိုကောက်တတ်လာသလိုပင်။

"ဘာလဲ Perth က ဒီ series ပြီးရင် P' နဲ့နောက်ထပ် ကားအသစ်တွေ ဆက်မရိုက်တော့ဘူးလား"

"အင်း.....မတူတဲ့ role လေးနဲ့ သရုပ်ဆောင်ကြည့်ရင်ကောင်းမလားလို့လေ..မင်းသမီးလေး တစ်ယောက်...ယောက်..အာ့ အားး P'Saint နာတယ်"

"ဆက်ပြောလေ ပြော"

ဗိုက်ခေါက်ကို ပြတ်ထွက်မတတ်လိမ်ဆွဲထားသော ချစ်ရသူကို ကျွန်တော်မငြိုငြင်ရက်ပါ။သူသဝန်တိုတာလေးက ချစ်ဖို့ကောင်းသည်လေ။

Beyond the Character(On Going)Hikayelerin yaşadığı yer. Şimdi keşfedin