Part 26

319 41 26
                                    

တီ.. တီ.. တီ.. တီ.. တီ

အဆက်မပြတ်မြည်နေသည့် နှိုးဆက်အသံကြောင့် Perth မျက်မှောင်များကျုံ့ကာ ဖုန်းကိုလိုက်စမ်းပြီး Alarm ကိုပိတ်လိုက်သည်။အိပ်ချင်မူးတူးဖြစ်နေသေး၍ ကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ ပွနေသော ဆံပင်များကိုပါလက်နဲ့သပ်ချလိုက်ကာ ပါးစပ်မှလဲ ဝါးခနဲတစ်ချက်သန်းနေသည့်ပုံက တကယ့်ကို ကလေးလေးတစ်ယောက်နှယ်။

နာရီကိုလှမ်းကြည့်တော့ ၈ နာရီ ဖြစ်နေပြီ။၁၀ နာရီကျရင် Cathy doll အတွက်ချိန်းထားတာရှိတာကြောင့် မထလို့ကလဲမရတော့ပေ။အိပ်ရာပေါ်က မဆင်းခင် ဖုန်းဖွင့်ကာ Line ကိုဝင်ကြည့်လိုက်သေးသည်။P'Saint စာပြန်ထားလားလို့ပေါ့။

P' ကစာကိုဖတ်သွားသားဘဲ ဘာလို့ စာပြန်မပို့တာလဲ။

Perth အလိုမကျသည့် ပုံစံများမျက်နှာတွင်ပေါ်လာကာ P'Saint ဆီဖုန်းလှမ်းဆက်လိုက်သည်။ဖုန်းကဝင်နေပါသော်လဲ တဖက်ကတော်တော်နဲ့မကိုင်။ပထမတခေါက်မှာဖုန်းကျသွားတာကြောင့် Perth ထပ်ခေါ်သည်။

"Hello"

ဖုန်းထဲကထွက်လာသော ထူးသံချိုချိုလေး.. ဒီအသံလေးကို ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ..

"P'Saint ဘာလုပ်နေလဲ ညကကျွန်တော်စာပို့တာ ဝင်တော့ဖတ်ပြီး ဘာလို့ပြန်မပို့တာလဲ"

တစ်ဖက်ကတိတ်ဆိတ်သွားပြန်တော့ Perth ဖုန်းများကျသွားတာလားလို့ ထင်ပြီး နားမှခွာကာ ကြည့်ကြည့်တော့လဲ ဖုန်းက ကိုင်ထားဆဲ..

"P'Saint?? hello"

"ဟင်.. ဟို P.. P' မအားလို့ ဒါဘဲနော်"

Perth စိတ်ထင်၍ဘဲလား အသံလေးက နည်းနည်းတောင် တုန်နေသလို။Perth လှမ်းတားမလို့အလုပ်မှာပင် တစ်ဖက်က ဖုန်းချသွားသည်။

မဟုတ်သေးပါဘူး P'Saint ဘာဖြစ်နေတာလဲ။မအားဘူးဆိုတော့ ခုချိန် ရိုက်ကွင်းမှာမို့လို့လား။

Perth ဖုန်းကိုကိုင်ကာ အခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။P'Saint ရဲ့ဒီလိုပုံစံကိုသူတခါမှ မမြင်ဖူးဘူးလေ။

ဟင်း..ထားလိုက်တော့ ခဏနေ တွေ့မှာဘဲကို အဲ့ကျမှသေချာမေးတော့မယ်။

Beyond the Character(On Going)Tempat cerita menjadi hidup. Temukan sekarang