Part 21

425 32 28
                                    

Saint တို့အခုဝင်လာသော ခြံကြီးက အိမ်ရှေ့ဆင်ဝင်ကို ရောက်ဖို့ပင် ကားနဲ့ ၁ မိနစ်ကျော်လောက်မောင်းရသည်။ဒီအိမ်ကြီးနဲ့ ကိုယ့်ဇာတိက အိမ်လေးယှဉ်ကြည့်ရုံနဲ့တင် တော်တော် သိမ်ငယ်စရာကောင်းနေပြီဖြစ်သည်။

အိမ်ကြီးရှေ့တွင်ကားရပ်လိုက်တော့ လူက ရင်ထဲ စိတ်လှုပ်ရှားလာကာ တောင့်တင်းသွားပြီး အသက်ရှူဖို့တောင်ခက်ခဲနေသည်။ Ae ရဲ့အိမ်ကို Pete ပထမဆုံးအကြိမ်လိုက်သွားတုန်းကလည်း ဒီလိုခံစားရတာများလား။ အဲ့တုန်းက P'New ကသရုပ်ဆောင်ဆိုလို့သာ သရုပ်ဆောင်ခဲ့ရတာ မပီပြင်ခဲ့ဘူးဘဲ။ အခုမှတစ်ကယ် ကိုယ့်ချစ်သူရဲ့အိမ်ကို လိုက်လာရတဲ့ခံစားချက်ကြီးကို နားလည်တော့တယ်။

"P'Saint"

ကားတံခါးလာဖွင့်ပေးကာ ငုံ့ကြည့်လာသော Perth အသံကြားမှ Saint သတိပြန်ဝင်လာသည်။

"ကားပေါ်ကဆင်းလေ P' ရဲ့"

Saint ကားပေါ်ကဆင်းကာ Perth ဘေးနားအသာဝင်ရပ်နေမိသည်။

"Perth ဖြစ်ပါ့မလား ကြောက်တယ်"

Perth ပြုံးလိုက်ကာ Saint လက်လေးကို ဆုပ်ကိုင်ပေးလာသည်။

"ကြည့်အုန်း ဘယ်လောက်တောင်ကြောက်နေတာလဲ လက်ဖျားတွေအေးစက်နေတာဘဲ"

Perth ကပြောရင်းထရီတော့ Saint အဲ့ကလေးလက်မောင်းကို ဖွဖွလေးတစ်ချက်ပိတ်ရိုက်ပေးလိုက်သည်။

"P အကောင်းပြောနေတာနော် နောက်မကျသေးဘူး ပြန်ရအောင်"

လှည့်ထွက်ပြီး ကားပေါ်ပြန်ထိုင်မလို့လုပ်နေသည့် P'Saint လက်တွေကို ကျွန်တော်လွှတ်မပေးဘဲ မြဲမြဲကိုင်ထားလိုက်တော့ လှည့်ကြည့်လာသည်။

"ဘာလဲ P ဘဲသွားမယ်ဆို သွားလေ"

"ဟာ ဒီမှာဆွဲထားတာ ဘယ်လိုသွားရမှာလဲ"

တွဲထားသော လက်ကို မြှောက်ပြကာ မျက်စောင်းတစ်ထိုးထိုးနဲ့ ပြောလာသော P'Saint ကိုအသဲယားစွာ ပါးလေးအားလှမ်းနမ်းလိုက်မိသည်။

"မြင်လား P ထွက်သွားချင်ရင်တောင် ကျွန်တော်မလွှတ်ပေးသရွေ့ ထွက်သွားလို့မရဘူး P ကိုကျွန်တော်ကလွဲလို့ ဘယ်သူ့မှမပိုင်ရဘူး P ကကျွန်တော့်တစ်ယောက်တည်းရဲ့အပိုင်"

Beyond the Character(On Going)Donde viven las historias. Descúbrelo ahora