Part 15

613 56 22
                                    

Zawgyi

Saint ရဲ့တိုက်ခန်းအောက်သို့ Perth ကားလေးဝင်ရပ်လိုက်သည်။

နေကာမျက်မှန်၊ အင်္ကျီအနက် ဂျင်းပြဲ style pants နဲ့ ကားပေါ်ကဆင်းလာသည့် Perth က အဝေးကကြည့်ရုံနဲ့တင် ခန့်ညားလွန်းလှသည်။

Perth Saint ရဲ့တိုက်ခန်းဝတွင်ရပ်ကာ ခုန်နေသော ရင်ကိုငြိမ်အောင် အသက်ကိုဝဝ ရှူသွင်းလိုက်သည်။ရင်မခုန်ဘဲနေမလား..ဒါသူ့ရဲ့ ပထမဆုံးအကြိမ် P'Saint တိုက်ခန်းကို လာလည်ခြင်းလေ။

*Ting Tong*
bell သံထွက်လာပြီး မရှေးမနှောင်းမှာပင် ပွင့်လာသော တံခါးနဲ့အတူမြင်လိုက်ရသော မှိုလုံးကေ ဆံပင်လေးနဲ့ Saint..

"P'Saint.."

Saint ကအပြုံးလေးနဲ့ ကြိုဆိုနေသော်လည်း အကြည့်တို့က Perth ကိုမကြည့်ဘဲ ဘေးဘီကိုသာဝဲနေလေသည်။

"ဝင်လေ"

Perth ဝင်လာကာ ဘာလုပ်ရမှန်းမသိတာကြောင့် ဧည့်ခန်း Sofa တွင်သာ ဝင်ထိုင်လိုက်သည်။

"ဟို...ဘာစားခဲ့လဲ..ဘာစားချင်လဲ P' ဘာလုပ်ပေးရအုန်းမလဲ"

"ရတယ် P'Saint ကျွန်တော်စားလာပြီးပြီ"

၂ယောက်ကြား စကားကတိတ်ဆိတ်သွားပြန်သည်။Saint မှာလည်း ဘာလုပ်ရမှန်းမသိ...မီးဖိုချောင်ထဲဘဲ ဝင်ရမလား Perth နားဘဲ ဝင်ထိုင်ရမလား..ထိုင်ပြီးရင်ရော ဘာပြောရမှာလဲ..*ကျစ်* ဒီအခြေအနေကြီးက နေရခက်လိုက်တာ

"ဘာလို့ မတ်တပ်ရပ်နေတာလဲ လာထိုင်လေ"

"Aww အင်း"

Perth ပြောတော့မှ Sofa အစွန်းတွင် ဝင်ထိုင်လိုက်သည်။

"Perth..ဘာလုပ်ချင်လဲဟင်"

P'Saint ကတော့ရိုးရိုးလေးပြောလိုက်တာဘဲ သို့သော် တစ်ဖက်က Perth မှာတော့ အတွေးတွေက ကုတင်ပေါ်ရောက်သွားသည်။

ဒါမထူးဆန်းဘူးမလား...ကျွန်တော့်အသက်က အခုမှ ၁၇ လေ..ဆယ်ကျော်သက် ယောကျာ်းလေးတစ်ယောက်မှာ ဒီလိုအတွေးတွေကရှိမှာဘဲကို..

Perth Saint ရှိနေသော Sofa အစွန်နားသို့ တိုးသွားလိုက်တော့ Saint ကိုယ်ကကျုံ့ကျုံ့လေးဖြစ်သွားသည်။

Perth Saint ရဲ့နား နားလေးကိုကပ်သွားကာ လေသံလေးနဲ့ပြောရန်ပြင်တော့ Saint ကလက်တွေပါအေးစက်လာသည်။

Beyond the Character(On Going)Donde viven las historias. Descúbrelo ahora