Part 9

485 50 12
                                    

Zawgyi

P'Saint နဲ့ အနီးကပ်နေကြည့်မှ P'Saint အကြောင်းတွေပိုသိလာခဲ့သည်။သူက အသက်သာ ကျွန်တော့်ထက်ကြီးတာ အပြုအမူတွေက တကယ်ကလေးလေးလိုပင် နေမကောင်းသည့်တချိန်လုံး ဟိုဟာစားချင်တယ် ဒီဟာစားချင်တယ်နဲ့ ချွဲနေတာလည်းမပြီးတော့။တကယ်ပါ သူ့ညီလို့ သဘောထားလို့ရတယ်လို့ပြောလိုက်လို့များ ဒီလိုတွေလုပ်နေသလားမသိ။

Saint-Perth!! Perth!! ပြီးပြီလား မြန်မြန်လုပ်လေ နောက်ကျရင် P'New ဆူလိမ့်မယ်

အဝတ်လဲနေတုန်းရှိသေးတယ် အခန်းရှေ့ကနေ အော်ခေါ်နေသော Saint ကြောင့် Perth အင်္ကျီကြယ်သီးမတပ်ဘဲ ထွက်လာလိုက်သည်။

Saint-Perth!! ကြယ်သီးတပ်လေ ဘာလုပ်တာလဲ

ဆံပင်မှိုလုံးကေလေးနဲ့အတူ IC uniform လေးဝတ်ကာ အသေချစ်ဖို့ကောင်းနေသော ကောင်လေးက P'Saint လား Pete လား သူမသဲကွဲတော့ပါ။ဒါပေမယ့် သေချာတာတော့ Pete က စကားမများဘူး။

Perth တွေးရင်းရီလိုက်မိသည်။Perth ရီတာကိုတွေ့တော့ Saint မျက်မှောင်ကျုံ့သွားကာ

Saint- ကြယ်သီးတပ်ခိုင်းတာ ရီစရာပါနေလား မြန်မြန်လုပ်ပါဆိုနေမှဘဲ

Saint ပြောရင်း စိတ်မရှည်တော့ဘဲ သူကိုယ်တိုင် ထိုကလေးကို ကြယ်သီးတပ်ပေးနေတော့သည်။

Saint လုပ်နေတာတွေကို Perth ဒီတိုင်းလေးဘဲ လိုက်ငေးကြည့်နေမိသည်။သူ့ခံစားချက်ကို သူသိနေပေမယ့် ဖွင့်ဟပြောဖို့ကကျခက်နေပြန်ရောလေ။

Saint-ပြီးပြီ သွားမယ်

သူ့ဟာသူပြော သူ့ဟာသူရှေ့ကနေထွက်သွားသော Saint ကြောင့် Perth နောက်ကနေ ပြေးလိုက်လာရသည်။

Perth-P'Saint မနက်စာမစားရသေးဘူးလေ

Saint-အချိန်ကိုကြည့်အုန်း ၈နာရီစမှာ အခုဘဲ ၇ ခွဲနေပြီလေ ဟိုရောက်မှ တခုခုစားတာပေါ့

Perth လောနေသော P'Saint ကိုဘာမှမပြောတော့ဘဲ ခေါင်းငြိမ့်ပြကာ မောင်းထွက်လာလိုက်သည်။ကားပေါ်တွင်လည်း စကားတွေအများကြီးပြောနေသော Saint ကို Perth ထောက်ခံလိုက် ရီလိုက်ဖြင့်သာ လုပ်နေလေသည်။

တကယ်ပါ ကျွန်တော့်ဘဝမှာတွေ့ခဲ့ဖူးသမျှသူတွေထဲ စကားအများဆုံးပြောနိုင်တာ P'Saint ဘဲရှိမည်ထင်သည်။ကျွန်တော်ကိုယ်တိုင်ကလဲ ခင်မင်တဲ့သူတွေနဲ့တောင် လိုတာထက်ပိုမပြောဖူးဘူးလေ။P'Saint ကသာ ကျွန်တော့်ကို ပထမဆုံးစကားအများကြီးပြောအောင်လုပ်နိုင်တဲ့ တယောက်တည်းသောသူဘဲ။

Beyond the Character(On Going)Where stories live. Discover now