Part 2

583 47 4
                                    

Perth workshop ခန်းထဲစဝင်လာတော့ အထဲမှာရှိနေတဲ့သူတွေက လှည့်ကြည့်လာကြသည်။

ကျွန်တော်ဘယ်လိုတုန့်ပြန်ရမှန်းမသိတာကြောင့် ပြုံးပြပြီးဘဲ နှုတ်ဆက်လိုက်တယ်

Mark-Perth..

နောက်ဘက်မှ ခေါ်သံကြောင့် ကြည့်လိုက်တော့ ကျွန်တော့်ကို ပြုံးကြည့်နေသော P'Mark..သူလည်း ဒီ series မှာပါတာလား ကျွန်တော်တကယ်မသိခဲ့ဘူး

Perth-P'..ကျွန်တော်တကယ်မထင်ထားဘူး P'က ကျွန်တော်နဲ့တွဲရမယ့်သူလား

ကျွန်တော့် တွဲဖက်က ဘယ်သူဆိုတာကို P'New ကမပြောပြထားဘူး..ကျွန်တော်နဲ့ P'Mark ကိုလည်း Ship တဲ့သူတွေရှိနေတာလေ..အဲ့တာကြောင့် ဝမ်းသာအားရမေးကြည့်မိလိုက်တယ်..ကိုယ်လုံးဝမသိတဲ့သူတယောက်နဲ့ တွဲရမှာထက်စာရင် ကိုယ်နဲ့ရင်းနှီးနေတဲ့သူကျ သရုပ်ဆောင်လို့ ပိုအဆင်ပြေတယ်လေ..ဒါပေမယ့်လည်း ဒါတွေက ကျွန်တော့် အတွေးသက်သက်သာ

Mark-ဟေး..မဟုတ်ဘူး P'က supporting role ဘဲအရွေးခံခဲ့တာ ဒီမှာ P' နဲ့တွဲရမယ့်သူ P'Gun တဲ့

Mark ကသူ့ဘေးနားက အရပ်ရှည်ရှည် အသားဖြူဖြူနဲ့သူကို ခေါ်ပြတယ်..အဲ့ P' ကချောပြီး ချစ်ဖို့ကောင်းနေရော..

Mark-P'Gun ဒါ ကျွန်တော့်အရင်ကတွဲဖက်လေ Perth တဲ့

Gun-Perth လား P'က P'Gun နော် နောက်ကျရင်
ခင်သွားကြမှာပါ အခုတော့ အစိမ်းသက်သက်ကြီးဖြစ်နေကြတာ

Perth ခေါင်းငြိမ့်ပြီးဘဲ ရီပြလိုက်မိသည်။အားတော့နာပေမယ့် လူမှုဆက်ဆံရေးဆိုတာက ကျွန်တော့်အတွက်အားနည်းချက်တခုဘဲ..ကျွန်တော်လူတွေနဲ့ ရောထွေးဆက်ဆံရတာမျိုးကို မကြိုက်ဘူး အထူးသဖြင့် ကျွန်တော်နဲ့မရင်းနှီးတဲ့သူတွေကိုပေါ့

ခင်ဗျားတို့ တွေးကောင်းတွေးနေနိုင်တယ် မင်းသား တယောက်ဖြစ်ပြီး social မကောင်းရင် ဒီလောကမှာရပ်တည်ဖို့ ခက်ခဲနိုင်တယ်လို့လေ..ဒါပေမယ့် ကျွန်တော်မကြောက်ဘူး ကျွန်တော့်ရည်မှန်းချက်အတွက် ကျွန်တော်ကြိုးစားမယ် တနေ့နေ့တော့ အဆင်ပြေလာမှာပါ

Gun-Perth..P'မင်းကို ကျန်တဲ့သူတွေနဲ့ မိတ်ဆက်ပေးမယ် လာခဲ့

Perth ထိုအကိုခေါ်တဲ့နားသွားလိုက်တော့ အကုန်လုံးက ဝိုင်းဖွဲ့ထိုင်နေကြသည်။ကျွန်တော်တယောက်ချင်းစီလိုက်အကဲခတ်ကြည့်မိတယ်..ပထမဆုံး စပြီးကြည့်မိတဲ့သူက P'Plan..

Beyond the Character(On Going)Where stories live. Discover now