Part 10

542 45 10
                                    

Zawgyi

Saint နိုးနိုးလာချင်း နာရီကိုကြည့်လိုက်တော့ ၇နာရီထိုးနေပြီဖြစ်သည်။ဘေးကိုကြည့်တော့လည်း Perth ကအိပ်ပျော်နေရက်သား...

ညက ကားပေါ်မှာ အိပ်ပျော်သွားတာပါ..ဘယ်လိုလုပ်ပြီး..

Saint ထိုင်ကာ စဉ်းစားနေတုန်း Perth ပါနိုးလာသည်။

Perth-P'Saint ဒီနေ့ ရိုက်ကွင်းက ၁၂ ကျော်မှလေ ဘာလို့ အစောကြီးထနေတာလဲ

Perth အိပ်ချင်မူးတူးနဲ့ စောင်ပုံထဲခေါင်းပြန်နှစ်ရင်းပြောလိုက်သည်။

Saint-ညက P' ဒီကို ဘယ်လိုရောက်လာတာလဲ ကားပေါ်မှာ အိပ်ပျော်သွားတာလေ

Perth-အင်း..ကျွန်တော်ချီလာတာ

Saint-ဟင် ချီလာတယ်! P'ကို မင်းက ချီနိုင်တယ်လား

Perth ပြုံးလိုက်သည်။

Perth- P'က အဲ့လောက်မလေးပါဘူး

Saint-အင်းလေနော် အဲ့တာကို P'Chen က P' ကို ဝနေပြီဆိုပြီး Diet တွေအတင်းလုပ်ခိုင်းနေတာ

P'Chen ဆိုမှ P'Saint ကိုဒီနေ့သူလာခေါ်တော့မှာဘဲ.. ဘယ်လိုလုပ်ရမလဲ တကယ် ပြန်မထည့်ပေးချင်ဘူး..

Saint-P'Chen ph တွေအများကြီးခေါ်ထားတာဘဲ

Saint ဆီကအသံကြားမှ Perth အမြန် Saint လက်ထဲကဖုန်းကိုယူလိုက်သည်။

Perth-နိုးနိုးချင်း ဖုန်းမကိုင်နဲ့လေ Phi..မျက်နှာသွားသစ်

Saint-ဟင်း..မင်းကအကြီးလား ငါကအကြီးလား တကယ်ပါဘဲ အငယ်ကို ပြန်ကြောက်နေရတယ်လို့

Saint နှုတ်ခမ်းလေးစူကာ ပွစိပွစိပြောပြီး ထွက်သွားတာကြောင့် Perth ရီနေမိသည်။

Perth ဖုန်းထုတ်ကာ နံပါတ်တခုကိုခေါ်လိုက်သည်။

Perth-Hello Mae..

Mae-Perth ဘာလိုလို့လဲ နေရတာအဆင်ပြေလား

Perth-Mae..Paw ဘယ်နေ့ပြန်လာမှာလဲ

Mae-မနက်ဖြန်ဆိုရောက်ပြီလေ ဘာဖြစ်လို့လဲ

Perth-ကျွန်တော် Mae တို့ကိုပြောစရာရှိလို့ မနက်ဖြန် အိမ်ပြန်လာခဲ့မယ်နော်

Mae-အင်း အင်း Mae စောင့်နေမယ် ကိုယ့်ဟာကိုဂရုစိုက်အုန်းနော်

Beyond the Character(On Going)Dove le storie prendono vita. Scoprilo ora