Part 51

168 17 28
                                    

Unicode

Zee တစ်ယောက် Taxi သမားကိုပိုက်ဆံရှင်းပေးပြီး Domundi ရဲ့ရုံးခန်းထဲကိုဝင်လာခဲ့သည်။အထဲရောက်တော့ စောင့်နေကြသည့် မန်နေဂျာနဲ့ ပရိုဂျူဆာအပြင် P'Chen ကိုပါတွေ့လိုက်ရ၍ မျက်ခုံးပါပင့်သွားမိသည်။

"လူစုံနေတာဘဲ ပြောပါအုန်း ကျွန်တော့်ကိုပြောတဲ့ အရေးကြီးကိစ္စဆိုတာ"

Zee ဝင်ထိုင်လိုက်ရင်း ရှေ့မှရေကရားထဲကရေကို ဖန်ခွက်ထဲထည့်နေလေသည်။

"Perth ကိစ္စ.. ငါတို့သူ့ကိုဒီတိုင်းလွှတ်ထားလို့ အဆင်မပြေတော့ဘူး"

မန်နေဂျာဖြစ်သူ P'Aof ဆီမှပြောလာသော စကားကြောင့် Zee လှမ်းကြည့်လိုက်သည်။

"အကိုပြောချင်တာက?"

"သူ့ကို ဖျက်ဆီးပစ်ရမယ် အရှက်ရအောင်လုပ်ရမယ် မင်းတို့တစ်ခုခုစဥ်းစားကြကွာ ဒီကောင် ငါတို့ဆီလာလာပြီး ငါတို့စာချုပ်ကိုစောက်ဂရုမစိုက်သလိုနဲ့ Saint ကိုခေါ်ခေါ်သွားနေတာ လက်မခံနိုင်တော့ဘူး"

ထိုစကားကို အခန်းထဲရှိသူများလဲထောက်ခံသလိုငြိမ်ကျသွားကြသည်။ထို့နောက် လေးယောက်သား ခေါင်းချင်းဆိုင်ရင်း ဘာလုပ်ရမလဲဆိုသော အကြံကိုထုတ်နေကြလေသည်။

"အကို! ကျွန်တော်သိပြီ"

Zee ဆီမှစကားကြောင့် ကျန်သုံးယောက်လှမ်းကြည့်လာကြသည်။

"ကျွန်တော် Perth ကိုဘားတစ်ခုမှာတွေ့ခဲ့ဖူးတယ်"

Aof ဆီမှသက်ပြင်းချသံထွက်လာလေသည်။

"ဘားသွားတာဘာဆန်းလို့လဲကွာ"

"မဟုတ်ဘူး ကြာပြီ အဲ့တုန်းက သူကအသက်တောင်ပြည့်သေးတာမဟုတ်ဘူး ဘားမှာသူငယ်ချင်းတွေနဲ့လာသောက်နေပုံပဲ အဲ့တုန်းက ကျွန်တော်ဘားအပြင်မှာရှိနေတုန်း သူအဲ့ဘားက ကောင်မလေးတစ်ယောက်နဲ့ငြိနေတာတွေ့ခဲ့ဖူးတယ်"

သုံးယောက်လုံးမျက်လုံးများ အရောင်တလက်လက်ဖြစ်လာကာ စိတ်ဝင်စားလာကြသည်။

"သေချာလား Zee အဲ့မိန်းကလေးကိုပြန်ရှာဖို့လွယ်လား"

"ကျွန်တော် ဘားမှာသွားမေးကြည့်လိုက်မယ်လေ ကောင်မလေးက အထက်တန်းကျောင်းသူထင်တယ် ရှာရလွယ်ပါတယ်"

Beyond the Character(On Going)Donde viven las historias. Descúbrelo ahora