Part 53

239 16 21
                                    

Unicode

လင်းထိန်နေသော အလင်းရောင်စူးစူးကြောင့် မျက်ခွံတွေလှုပ်ရှားလာလေသည်။အစထဲက အသားဖြူသည့်သူက ယခုတော့ သွေးပင်မရှိသည့်အလား ပိုလို့ပင်ဖြူလျော်နေတော့သည်။

မျက်လုံးမဖွင့်ခင်မှာတင် နားထဲဝင်လာသည်က စကားပြောသံတစ်ချို့။

"ဆရာ သားရဲ့အခြေအနေလေး"

"အရမ်းစိတ်မပူပါနဲ့ အစာအိမ်နာသွားတာပါ ပုံမှန်ထက်အစားတွေအများကြီးစားတဲ့အခါမှာဖြစ်လေ့ရှိတာမျိုးပါပဲ လူနာက စိတ်ဖိစီးမှုတွေလဲများနေပုံပဲ တစ်ပတ်လောက် အနားယူလိုက်ရင် သက်သာမှာပါ"

ဆေးရုံလား..

Plan လေးလံနေသောမျက်ခွံတွေကိုအားယူကာဖွင့်ကြည့်မိတော့ မျက်နှာကျက်ဖြူဖြူတစ်ခုကိုမြင်သည်။လက်တွေကိုလှုပ်ရှားရန်ကြံတော့ အပ်တွေသွင်းထားသော လက်ကြောင့်လှုပ်မရ။

"အမေ.. "

လေသံမျှသာထွက်လာသည်။ထပ်ခေါ်ကြည့်ဖို့ အားယူပေမယ့် ဗိုက်ကအောင့်လာတာ​​ကြောင့် Plan မျက်လုံးလေးမှိတ်ကာ နာကျင်မှုကိုသည်းခံကြည့်သည်။

"P'Plan ! အန်တီ အကိုနိုးလာပြီ"

ရင်းနှီးနေသောအသံကြောင့် Plan မျက်လုံးတွေထပ်ဖွင့်ကြည့်မိသည်။ဒီတစ်ခါတွင်တော့ မျက်စိရှေ့မှာရှိနေသည်က မျက်နှာကျက်ဖြူဖြူမဟုတ်တော့ပဲ သူချစ်ရသောကောင်လေး၏မျက်နှာပင်။

စိုးရိမ်စိတ်တွေနဲ့ သူ့အားငုံ့မိုးကြည့်နေသော မျက်နှာလေးကိုမြင်တော့ Plan နှုတ်ခမ်းပါးတွေက ပြုံးယောင်သန်းသွားသလိုပင်။

"Mean.."

ဆရာဝန်ကြီးဘေးနားကိုရောက်လာကာ Plan ဗိုက်ကိုနှိပ်ရင်း စမ်းကြည့်သည်။

"အင့်.."

"နာနေသေးလား"

Plan ခေါင်းငြိမ့်ပြလိုက်တော့ အနားကနာ့စ်မကိုတစ်ခုခုလှမ်းပြောပြီး Plan အမေကိုအပြင်သို့ခေါ်ထုတ်သွားလေသည်။ဆေးရုံခန်းထဲတွင်ကျန်ခဲ့သည်မှာ သူနဲ့ Mean နှစ်ယောက်တည်း။

"အကို သက်သာသွားမှာပါ ကိုယ်ကမစားနိုင်တာသိရဲ့နဲ့ဘာလို့ အများကြီးစားရတာလဲ"

Beyond the Character(On Going)Tahanan ng mga kuwento. Tumuklas ngayon