Part 50

274 23 45
                                    

Unicode

ပျင်းရိထိုင်းမှိုင်းချင်စရာကောင်းလောက်သော နေ့လည်ခင်းတစ်ခု...

SWU ကျောင်းဝန်းထဲတွင် အတန်းတက်ချိန်များဖြစ်တာကြောင့် ကျောင်းသားအနည်းငယ်လောက်သာ ဟိုတစ်စု ဒီတစ်စုတွေ့နိုင်လေသည်။

Perth တစ်ယောက်လဲ စာသင်ခန်းထဲတွင်ထိုင်နေကာ စိတ်တွေက လက်ထဲက ဖုန်းဆီမှာသာ။လက်သည်းကိုက်နေရင်း ဒူးတစ်ချောင်းကိုလှုပ်နေသည်က တစ်ခုခုကို စိတ်မရှည်စွာ စောင့်ဆိုင်းနေသည့်ပုံစံပင်။

"ကဲ ဒီနေ့တော့ ဒီလောက်ပဲ နောက်ရက်ထဲမှာ မင်းတို့ အဖွဲ့လိုက် ပရောဂျက်တွေအတွက် လူခွဲပေးမယ် စာမေးပွဲနီးလာပြီနော် ပေါ့ပေါ့ပျက်ပျက်နေမနေကြနဲ့"

စာမေးပွဲနီးပြီဆိုသည့် အသိက ကျောင်းသားတိုင်းအတွက် အိပ်မက်ဆိုးလိုပင်။ခုလဲ ဆရာမရဲ့ သတိပေးသံအဆုံး အလိုမကျတဲ့ ငြီးငြူသံများအသီးသီးထွက်လာကြတော့သည်။

"Perth ဒီည ငါတို့ သွားသောက်မလို့ မင်းလိုက်အုန်းမလား"

Nanon တို့အဖွဲ့ခေါ်သည်ကို Perth တစ်ချက်လှမ်းကြည့်ပြီး ခေါင်းခါပြလိုက်သည်။

"ငါသွားစရာလေးရှိလို့ နောက်မှပေါ့"

"အေးပါ ရတယ် ဒါဆို သွားမယ်လေ အတန်းထဲလူတောင်ကုန်တော့မယ်"

Perth လဲလွယ်အိတ်ဆွဲယူရင်း Nanon တို့နဲ့အတူထွက်လာခဲ့သည်။သူငယ်ချင်းတွေစကားတပြောပြောနဲ့လမ်းလျှောက်လာရင်း Perth တို့မေဂျာဘက်ကိုကျော်လာပြီး စီးပွားရေးမေဂျာဘက်ကိုရောက်လာတော့သည်။

Perth လဲမေဂျာဆောင်ထဲကိုကြည့်ပြီး P'Saint များရှိလိုရှိငြားရှာကြည့်မိသည်။သို့သော် အရိပ်အယောင်သေးသေးလေးတောင်မတွေ့ရ။

*တောင်*

ဖုန်းထဲဝင်လာသော စာတစ်စောင်ကြောင့် Perth ခြေလှမ်းတွေရပ်သွားပြီး ဖုန်းကိုစိုက်ကြည့်နေမိသည်။

"Perth လာလေ"

ရှေ့တော်တော်ရောက်နေပြီးမှ လှမ်းခေါ်သော Nanon တို့ကို Perth လှမ်းကြည့်လိုက်သည်။

"ငါနောက်တစ်ချိန် မလိုက်တော့ဘူး မင်းတို့ဘဲသွားလိုက်တော့နော်"

Beyond the Character(On Going)Tempat cerita menjadi hidup. Temukan sekarang