Part 23

499 64 121
                                    

sofa ပေါ်မှာ ကုတ်ကုတ်လေးထိုင်နေသော ကောင်လေး ၂ ယောက်ကို P'Chen မတ်တပ်ရပ် လက်ပိုက်ပြီး ကြည့်နေလေသည်။

"မင်းတို့ကွာ ငါ.. ငါ"

"P.. P'Chen စိတ်လျှော့ပါအုန်း"

Saint ကခေါင်းလေးမော့ကာ စိတ်ဆိုးနေဟန်ရှိသည့် P'Chen ကိုလက်ကဆွဲပြီးထိုင်စေသည်။

"ဘယ်အချိန်ထဲကလဲ ဒါကိုဘယ်သူတွေသိထားသေးလဲ"

"ဘယ်သူမှတော့ သိပ်မသိပါဘူး ဟီး နှစ်ဖက်မိဘတွေနဲ့ သူငယ်ချင်းတွေလောက်ပါဘဲ"

"ဘာ!! အဲ့တာ ဘာကို ဘယ်သူမှမသိတာလဲ မသိကြသေးတာ မီဒီယာတွေဘဲရှိတော့တယ်လေ"

P'Chen ထအော်လိုက်တော့ Saint ဇက်ကလေးပုသွားသည်။

"P'Chen ဒါတွေက ကျွန်တော်စခဲ့တာ P'Saint ကိုအဲ့လောက်ထိဆူမနေပါနဲ့ ဖြစ်ပြီးတာတွေလဲ ပြန်ပြင်လို့မရတော့ဘူးလေ အခု ဒီကိစ္စမပေါက်ကြားရင် ပြီးရောမလား"

"N'Perth မင်းကိစ္စတစ်ခုကိုလွယ်လွယ်မပြောနဲ့ မင်းဘက်က ဒီနေရာထိရောက်လာဖို့လွယ်လွယ်လေးဆိုပေမယ့် Saint ကအများကြီး ကြိုးစားခဲ့ရတာ တစ်ခုခုသာလွဲချော်သွားခဲ့ရင် Saint နာမည်ပျက်မှာ မင်းမသိတာလား"

"P'Saint ပျက်စီးမယ့် ကိစ္စမျိုးကို ကျွန်တော်က လုပ်စရာလား အလုပ်နဲ့ ကျွန်တော်တို့ ကိုယ်ရေးကိုယ်တာနဲ့က ဘာတွေပက်သက်နေလို့လဲ"

Chen မျက်နှာတွင် မဲ့ပြုံးတစ်ခုပေါ်လာသည်။

"မင်းတို့က အနုပညာရှင်တွေဆိုတာကိုမမေ့နဲ့လေ မင်းတို့ဆက်ဆံရေးက နောက်ပိုင်း လွယ်ကူချင်မှ လွယ်ကူတော့မှာ"

"အဲ့တော့ ဘာဖြစ်လဲ ဘယ်လောက်ဘဲ ခက်ခဲလာပါစေ ကျွန်တော် P'Saint ကိုလက်မလွှတ်ဘူး"

"မင်းက ငယ်သေးတယ် စိတ်ခံစားချက်ကို ဦးစားပေးတတ်တာငါမပြောလိုဘူး ဒါပေမယ့် Saint မင်းကတော့ကွာ အကြီးဖြစ်ပြီး ထိန်းသင့်တာပေါ့"

Perth ကိုကြည့်နေရင်းမှ ခေါင်းလေးငုံ့ကာ ငိုမဲ့မဲ့ဖြစ်နေသော Saint ဘက်ကို လှည့်ဆူတော့သည်။

"P'Chen ပြောချင်ရင် ကျွန်တော့်ကိုပြောပါ P'Saint ကိုမဆူနဲ့ အခု ဘာလုပ်စေချင်နေတာလဲ ကျွန်တော်တို့ဆက်ဆံရေးကိုထိခိုက်တာကလွဲလို့ ကျန်တာ အကုန်လုပ်ပေးမယ်"

Beyond the Character(On Going)Tempat cerita menjadi hidup. Temukan sekarang