Part 36

300 35 72
                                    

Zawgyi

"Saint.."

"..."

"Saint မင်းထွက်လာပါအုန်း P' ကိုစိတ်ဆိုးနေတာသိပေမယ့် ဒီလိုကြီးနေလိုက်လို့လဲပြီးသွားမယ့်ကိစ္စမှမဟုတ်တာ ကလေးမဆန်စမ်းပါနဲ့ကွာ"

အထဲကနေဘာတုန့်ပြန်သံမှထွက်မလာသော Saint ကြောင့် Chen သက်ပြင်းမောတွေသာခဏခဏချနေမိသည်။မနေ့ကညနေက စကားများပြီးထဲက အခန်းထဲဝင်ငိုနေတာသိပေမယ့် စိတ်ပြေသွားမှာပါဆိုပြီး Chen လွှတ်ထားလိုက်သည်။သို့သော် နောက်တစ်နေ့ကူးပြီး နေ့လည်အထိ ထိုအခန်းထဲကထွက်မလာသောကြောင့် Chen နည်းနည်းစိုးရိမ်လာရသည်။

"Saint တစ်ခုခုတော့ထွက်စားလိုက်ပါ စားပွဲပေါ်မှာမုန့်တွေထားခဲ့မယ် P' အပြင်ခဏသွားမလို့ ထွက်စားလိုက်နော်"

သူရှိနေရင် Saint မထွက်လာမှာစိုး၍ Chen ရှောင်ပေးရန်ပြင်ရသည်။မဟုတ်ရင် ဆေးရုံကဆင်းလာတာမှမကြာသေးဘဲ ဘာမှမစားလို့ အားပြတ်ပြီးထပ်လဲသွားမှာစိုးရိမ်ရသည်လေ။

အပြင်ကတံခါးပိတ်ပြီးထွက်သွားသံကို ကုတင်ပေါ်ကနေ Saint နားစွင့်နေလိုက်သည်။ထွက်သွားတာသေချာလောက်ပြီဆိုမှကုတင်ပေါ်ကနေ ခြေချလိုက်တော့ အနည်းငယ်ယိုင်သွားသော ကိုယ်ကြောင့်နံရံကိုအားပြုကာမှီနေလိုက်ရသည်။

ကျွန်တော်တစ်ညလုံးမအိပ်ရသေးဘူး.. ဘယ်လိုအိပ်ရမလဲ ဒီစာချုပ်ကြီးက ကျွန်တော့်ကိုချုပ်ကိုင်ထားလိုက်ပြီဆိုတာကို အသေအချာကိုသိနေတဲ့စိတ်တွေနဲ့ ကျွန်တော်ဘယ်လိုအိပ်ပျော်မှာလဲ။ဖြေရှင်းဖို့နည်းကို ညလုံးပေါက်ထိုင်စဉ်းစားနေခဲ့တာ ဒါ..ဒါပေမယ့် အဲ့ဆယ်ဆဆိုတဲ့ ငွေပမာဏကို ဘယ်နားကသွားရှာရမလဲ။

Saint အခန်းတံခါးဖွင့်ကာ အပြင်ကိုလေးတိလေးကန်နဲ့ထွက်လာလေသည်။မီးဖိုချောင်စားပွဲပေါ်မှာတင်ထားတဲ့ ပူပူနွေးနွေးထမင်းဖြူနဲ့ ပင်စိမ်းဝက်သားကြော်ကအဆင်သင့်။ဘာမှမစားရသေးတာကြောင့် မွှေးလွန်းတဲ့အနံ့က နှာခေါင်းထဲဝင်လာကာ ဗိုက်ထဲမှာ အသံများမြည်လာသေးသည်။

သို့သော် မစားချင်ပါ။တကယ်ကို ဘာမှစားချင်စိတ်မရှိဘဲ ဒီလောကထဲကပျောက်ကွယ်သွားချင်စိတ်သာဖြစ်ပေါ်နေသည်။

Beyond the Character(On Going)Tahanan ng mga kuwento. Tumuklas ngayon