Part 11

475 43 15
                                    

Zawgyi

BKK မြို့တွင်းနဲ့ အနည်းငယ်အလှမ်းဝေးသော နေရာတွင် တည်ရှိနေသည့် စံအိမ်သဖွယ်အိမ်ကြီးထဲကို BMW ကားလေးတစီးမောင်းဝင်လာလေသည်။ကားထဲမှဆင်းလာသူကို အနက်ရောင်ဂါဝန်တထည်နဲ့ အပြုံးလေးဆင်ကာ အမျိုးသမီးတယောက်က စောင့်ကြိုနေလေသည်။

Perth-Mae..

Perth ပြေးဖက်လိုက်သည်။ဒီလိုမျိုးအမေ့ရင်ခွင်ကို ဖက်ခွင့်ရတဲ့အချိန်တွေကို သေချာရေတွက်ကြည့်ရင် တကယ်ကိုနည်းပါသည်။

Mae-ကြည့်ပါအုန်း Mae သားလေးက ပါးလေးတွေတောင်ဖောင်းလာသေးတယ်

Perth-အဲ့တာစိတ်ချမ်းသာနေလို့ပေါ့ Mae ရဲ့

Mae-အမယ် ဘာစိတ်ချမ်းသာစရာတွေလဲ ကောင်မလေးရနေတာလား

Mae ရဲ့စကားက Perth ကိုဘာဆက်ပြောရမှန်းမသိအောင်ဖြစ်သွားစေသည်။သူ့ရဲ့ တစ်ဦးတည်းသော သားလေး သဘောကျနေတဲ့သူက ယောကျာ်းလေးတယောက်ဆိုတာ Mae သိသွားရင်....

Mae-Perth...Perth!!

Perth-ဗျာ..ဗျာ Mae ဘာပြောလိုက်တာလဲ

Mae-ဘာတွေကြောင်နေတာလဲ Perth.....ထမင်းစားခန်းမှာ မင်း Paw စောင့်နေတယ်လို့ သွားမယ်

Mae လက်ကိုဆွဲကာ ထမင်းစားခန်းထဲဝင်လာတော့ Paw ကစောင့်ကြိုနေလေသည်။

Perth-Sawadee khurb Paw!

Perth နဲ့ Mae စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။

Paw-မင်းဒီနေ့မှ ရုတ်တရပ်ကြီး ဘယ်လိုဖြစ်လို့ Paw နဲ့ Mae ကိုတွေ့ချင်ရတာလဲ Perth

Perth-ကျွန်တော်ပြောစရာလေးရှိလို့ Paw ဘယ်နေ့ ခရီးပြန်ထွက်ရမှာလဲ

Paw-မနက်ဖြန်လေ ဘာဖြစ်လို့လဲ

Perth ဒီ့ထက်အချိန်ဆွဲလို့မဖြစ်တော့ပါ။Paw ကိုဘယ်လောက်ကြာမှ ထပ်တွေ့ရမည်ဆိုတာလည်းမသိ။ဟုတ်တယ် Perth! မင်းပြောရမယ်..

Perth ရဲ့တည်ငြိမ်နေတဲ့ပုံကိုကြည့်ပြီး Paw နဲ့ Mae စိတ်ပူလာသည်။သူတို့သားရဲ့ ခုလိုကိစ္စတခုကိုပြောဖို့ ပူပန်နေတဲ့ပုံမျိုး အရင်တုန်းကမတွေ့ဖူးသောကြောင့်ဖြစ်သည်။

Paw-Perth မင်းဘာပြောမလို့ အဲ့လောက်အချိန်ယူနေတာလဲ

Perth-ကျွန်တော်ချစ်ရမယ့်သူတွေ့နေပြီ Paw..သူ့ကိုသကျွန်တော်အရမ်းချစ်တယ် အဲ့တာ Paw တို့ကိုပြောပြီး တရားဝင်တွဲချင်လို့

Beyond the Character(On Going)Hikayelerin yaşadığı yer. Şimdi keşfedin