Part 7

502 49 17
                                    

Zawgyi

P'New-အားလုံး ပင်ပန်းနေတာသိပေမယ့် ဒါဒီနေ့ရဲ့ နောက်ဆုံး Sence မို့လို့ မင်းတို့ ခဏတောင့်ခံပေးကြပါအုန်းနော် ပြန်ရိုက်ဖို့ အဆင်သင့်ဖြစ်ရင် P' ခေါ်လိုက်မယ်

P'New ရဲ့စကားကို အားလုံးက ကြည်ဖြူစွာ သဘောတူပေးတာကြောင့် P'New ကိုယ်တိုင်လည်းအားတက်သွားသည်။

ဒီနေ့ရိုက်တဲ့ Sence တွေက အားလုံးကိုတကယ်ပင်ပန်းစေသည်။ညလည်းတော်တော်နက်နေပေမယ့် P'New စိတ်တိုင်းမကျသေးတာကြောင့် ဘယ်သူမှ နားခွင့်မရပေ။

Perth Saint အနားကိုအသာကပ်လာကာ..လက်ကလေးပိုက်ပြီးချမ်းနေသောသူ့အပေါ်သို့ တဘတ်တထည်ခြုံပေးလိုက်သည်။မိုးရေတွေထဲ ရိုက်ထားရတာဆိုတော့ Saint တယောက် စိုရွှဲနေသည်လေ။

Perth-P'Saint အဆင်ပြေရဲ့လား ချမ်းနေလား

ရေတွေရွှဲနေရတဲ့ကြားထဲ လေကတိုက်နေသေးတာမို့ Saint ချမ်းနေမှာသေချာပါသည်။

Saint-အင်း နည်းနည်းပေါ့ မြန်မြန်ရိုက်ပြီးရင် အဆင်ပြေမှာပါ..

Perth-ခဏနော် P'

Perth Stuff တွေဘက်ကိုပြေးသွားကာ ပြန်ရောက်လာတော့ ခွက်ကလေးတခွက်ဖြင့်

Perth- ဒီမှာ..Hot chocolate လေးသောက်လိုက် P' နဲနဲနွေးသွားတာပေါ့

Perth ပေးသော ခွက်ကိုလှမ်းယူကာ သောက်လိုက်တော့ တစုံတယောက်ရဲ့ ဂရုစိုက်မှုတွေကြောင့် ခန္ဓာကိုယ်က ပိုနွေးထွေးသွားသလိုပင်..

New-Perth! Saint အဆင်သင့်ဖြစ်ရင်လာတော့

Saint ခွက်ကိုအကုန်မော့ချလိုက်ကာ ထထွက်သွားတော့ Perth လည်းနောက်ကလိုက်လာရလေသည်။
.....
Pete မိုးရေတွေထဲလဲနေတုန်း Ae ရောက်လာခဲ့သည်။

မိုးတွေသဲနေတဲ့ကြားထဲက မြေကြီးပေါ်မှာလဲနေသော ဒီကောင်လေးကို မြင်ရသောကြောင့် Ae ရင်ထဲဘာကြောင့်မှန်းမသိနာကျင်လာခဲ့သည်။

ကျွန်တော်ဟာအခုချိန်မှာ Perth မဟုတ်ဘူး..Ae..ပါ
ကျွန်တော် ကာကွယ်ပေးပါ့မယ်လို့ ကတိပေးခဲ့တဲ့ကောင်လေးက အခုတော့ ကျွန်တော့်ကတိလစ်ဟင်းမှုကြောင့် နာကျင်မှုဒဏ်တွေခံနေရသည်။မြေပြင်ပေါ်တွင်လဲနေကာ ကျွန်တော့်နာမည်ကို ယောင်နေသော Pete ကြောင့် သူ့ကို နာကျင်မှုတွေသက်သာစေရန် ဆွဲဖက်ထားလိုက်သည်။

Beyond the Character(On Going)Tempat cerita menjadi hidup. Temukan sekarang