မှုခင်းစိတ်ပညာရှင် ( သဲကမ္ဘာ ၁)

3.6K 109 7
                                    

ချွှန့်ရွှေလမ်းဟာ ဟုန်ကျင့်မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ လမ်းဟောင်းတစ်ခုဖြစ်ပါတယ်။ဒီလမ်းဟာ မြို့မှာရှိတဲ့ အခြားလူရှုပ်တဲ့ လမ်းကြားတွေလိုပါပဲ၊ ဘာမှမကွာခြားပါဘူး။ ဆိုင်ခန်းတွေဟာ လမ်းရဲ့ ဟိုးဘက်အစ ကနေ အဆုံးအထိ လမ်းတစ်လျှောက်ရှိနေပါတယ်။

မှောင်စပြုချိန်၊ နေဝင်ရီတရောမှာ လမ်းတွေဟာ ပိုမို အသက်ဝင်စပြုလာပါတယ်။ ငါးတန်းထဲက ပလတ်စတစ်ဘေစင်ထဲမှာတော့ ခရက်ရှန် ငါးကြင်း အဖမ်းခံထားရပါတယ်။ ငါးဟာ လွတ်မြောက်ဖို့ ကြိုးစားနေပေမယ့် ဝယ်သူရဲ့ ရွေးချယ်ခြင်းခံလိုက်ရပါတယ်။
* * * * * * * * * *
ဝန်ချွင့်ဟွာ က ဒီနှစ်မှာဆို အသက်ခြောက်ဆယ် ပြည့်တော့ မယ့် မြို့ထဲက သက်လတ်ပိုင်း အမျိုးသမီး ကြီးတွေထဲက တစ်ယောက်ပါ။ သူမဟာ အခုလေးတင် အိမ်နားက ဆံသဆိုင်မှာ လှိုင်းတွန့်ကောက်ခဲ့ပါတယ်။ အခုအိမ်အပြန်လမ်း မှာတော့ မြေးအတွက် ငါးစတူးချက်‌ ပေးဖို့ ခရက်ရှန် ငါးကြင်း တစ်ကောင် ဝယ်နေပါတယ်။

" ဆယ်ယွမ်ပဲ၊ ဆယ်ယွမ်ထက်တော့ တစ်ပြားမှ ပိုမပေးနိုင်ဘူး"
ပြောပြောဆိုဆို အိတ်ထဲက ခပ်နွမ်းနွမ်း ပိုက်ဆံဆယ်ယွမ်ကို ဈေးသည်ထံ အတင်းထိုးပေးသည်။ နည်းနည်းဖြစ်ဖြစ် ချွေတာလိုက်နိုင်တာကြောင့် ဂုဏ်ယူစွာ ဆံပင်ကို လက်နှင့် သပ်လိုက်သည်။

*** ကြားဖူးနေကျ ရေဒီယိုက အသံဟာ ပတ်ဝန်းကျင်ကို လွှင့်ပျံနေသည် ***

ငါးသည်ဟာ စိတ်ပျက်လက်ပျက် ခေါင်းကိုယမ်းလိုက်ပြီး ခါးစည်း အေပရွန်ထဲ ပိုက်ဆံကို ထည့်လိုက်သည်။ ထို့နောက် ရေစိုနေတဲ့လက်နဲ့ ရေဒီယိုကို အသံမြင့်လိုက်သည်။
" ယခု အရေးပေါ်ကြေညာချက်ကို ထုတ်ပြန်ပါမယ်"
တင်ဆက်သူ အမျိုးသမီးဟာ ခဏ ရပ်ပြီးမှ အနည်းငယ် ထိန်းထားသော အသံဖြင့်

" တိုင်ဖွန်းမုန်တိုင်းကြီး ယွမ်န ဟာ ဆယ့်နှစ်ရက်နေ့ညမှာ မြို့ကို ဖြတ်သန်းပါမယ်၊ မိုးလေဝသဦးစီးဌာန မှ မြို့နေပြည်သူများအား ယနေ့ညနေခင်းမှစ တတ်နိုင်သမျှ အပြင်မထွက်ပါရန် သတိပေးအပ်ပါသည် "
ဝန်ချွင့်ဟွာ ငါးကိုယူနေတုန်းကြားလိုက်တဲ့ သတင်းကြောင့် မိုးကောင်းကင်ကို အကြည့်ရောက်မိသည်။
တင်ဆက်သူရဲ့ စကားတွေကို သက်သေပြနေတဲ့ မိုးတိမ်မည်းတွေဟာ ဝင်နေဆဲနေကို ဖုံးအုပ်သွားပြီးနောက် ကောင်းကင်ဟာ အမှောင်ကျသွားသည်။
ဝန် ရဲ့ ပလတ်စတစ် အိတ်ထဲက ငါးကြင်းဟာ ရုန်းကန်နေဆဲ။
* * * * * * * * * *
ဆိုင်အမှတ် ၁၈ က သစ်သီးသည်ဟာလည်း မှောင်နေတဲ့ ကောင်းကင်ကို ကြည့်လိုက်သည်။ မိုးရွာနိုင် မလား အကဲခတ်ရင်း ပန်းသီးအပုပ်တွေတစ်ဝက်ပါတဲ့ ခြင်းကိုမကာ ဈေးအကြီးဆုံး ဟွားညုန် ပန်းသီးခြင်းထဲ သွန်ချလိုက်သည်။ သို့သော် ပန်းသီးပုပ်တွေဟာ ရုတ်တရက်ရွာချလိုက်တဲ့ မိုးလို ခြင်းအပြင်ကို ဒလဟော ထွက်ကျသွားပြီး လူသွားလမ်းပေါ် ဝေးသထက် ဝေးအောင် လိမ့်သွားကြသည်။

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now