မှုခင်းစိတ်ပညာရှင် (၅)

252 50 0
                                    

လင်းချန်ဘေးတွင်တော့ ဂျူနီယာညီလေး ဖု ဟာ လေအေး၍ ခိုက်ခိုက်တုန်နေရာမှ တိုးတိုးလေးထ ပြောသည်။

"စိတ်မဆိုးပါနဲ့ အစ်ကို၊ ခေါင်းဆောင်ရှင်းက တကယ်အိမ်ပြန်ပို့ပေးမလို့ပါ။ သူက မကောင်းတဲ့လူလည်း မဟုတ်ပါဘူး။ ဒီတိုင်းသွေးတစ်ဝက်က တရုတ်၊ နောက်တစ်ဝက်က ရုရှားနဲ့ အီတလီစပ်ဆိုတော့ နည်းနည်း ပုံမှန်မဟုတ်တာပါ"

"အင်းအင်း၊ ဒီလိုရောထားမှတော့ ပုံမှန်လူလိုဖြစ်ဖို့ ခက်ခဲတာပေါ့"

* * * * * * * * * *
ရှင်းကုန်းလျန်ဟာ ဆံပင်များကိုဖွလိုက်ကာ စီးကရက်ကို မီးညှိလိုက်သည်။ ထို့နောက် လူအုပ်ကြားထဲ ကို တိုးဝင်သွားသည်။ တဖြည်းဖြည်းတိုးဝင်သွားရာမှ စတုရန်းပုံအက အဖွဲ့၏ အကဝတ်စုံကို ဝတ်ထားသော အသက်ကြီးကြီး အန်တီကြီးဘေးနားရောက်တော့ ရပ်လိုက်သည်။

" ဘာတွေဖြစ်နေတာလဲဗျ၊ ရဲတွေတော်တော်များတယ်"

နှုတ်ခမ်းကြားတွင် စီးကရက်ကိုက်ထားလျက် ပွဲကြည့်ပရိတ်သတ်ဟန်ဆောင်ရင်း သတင်း အချက်အလက်ကို စုံစမ်းကြည့်သည်။

"လူသေလေကွယ်"
"လူသေ ဟုတ်လား။ အမှုကြီးတာပဲနော်"

"ဟုတ်တာပေါ့ လူငယ်လေးရဲ့၊ ငါဆို အဲ့လူကိုအမြဲတွေ့တယ်။ မနေ့ကတောင် သူနဲ့အတူ လေ့ကျင့်ခန်း လုပ်ခဲ့သေးတယ်"
အန်တီကြီးသည် အတင်းပြောနေရသည့်အခါတွင်တော့ စိတ်အားထက်သန်နေသည်။

"အဲ့ကောင်လေး အရမ်းမတက်ကြွနေခဲ့သင့်ဘူး။ သူက ဘားတန်းပေါ်မှာ ခြေထောက်နှစ်ချောင်းချိတ် ပြီး ဇောက်ထိုးကြီးတွဲလဲခိုလိုက်တာ" ပြောပြောဆိုဆို သရုပ်ပြတဲ့ အနေဖြင့် ခန္ဓာကိုယ်ကို ကိုင်းပြသည်။

"သူက ဒီလိုကြီးလုပ်နေတာ၊ ပြီးလဲပြီးရော ဘားတန်းက ကျိုးပြီး ပြုတ်ကျသေသွားတာပဲ"
"တော်တော်ဆိုးတာပဲဗျာ" ကုန်းလျန်အံ့အားသင့်စွာပြောလိုက်သည်။

"ကံတော်တော် ဆိုးရှာတယ်၊ သူ့မျက်နှာက ကြည့်ရဲစရာမရှိဘူး။ မျက်လုံးတွေတောင် မပြုတ်ထွက်ရုံ တမယ်လေ။ သူ့အော်ငိုသံက ၁၀ မိုင်လောက်ကတောင် ကြားရတယ်"
"ပြုတ်ကျ ကျခြင်း သေသွားတာ မဟုတ်ဘူးလား"
"မသေပါဘူးအေ ၊ သူ့ကို တို့တွေ သွားထူပေးတော့ သူလှုပ်နေတုန်းပဲကွဲ့"

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now