မှုခင်း စိတ်ပညာရှင် ( သဲကမ္ဘာ ၂ )

493 68 0
                                    

ဟုန်ကျင့်မြို့ဟာမြို့ဟောင်းတစ်ခုပါ။ဘယ်လိုပဲဖြစ်ဖြစ် ဒီမြို့ဟာ မုန်တိုင်းတွေ အများကြီး နှင့်ကြုံခဲ့ရပြီးသားမို့ အခုလာမယ့် မုန်တိုင်းက ထူးပြီး   မြို့နေလူထုကို လှုပ်လှုပ်ရှားရှား မဖြစ်စေပါဘူး။

မနက်မိုးလင်း ရင် နေထွက်လာမယ်။ ကျောင်းသားတွေ ကျောင်းသွားကြမယ်။ မနက်ခင်း အတန်းချိန်က စာသင်ကြားပို့ချနေတဲ့ အသံတွေဟာ ကျောင်း   ပုရဝုဏ် တစ်ခုလုံး ပဲ့တင်ထပ်နေလိမ့်မယ်။ဒီမြင် ကွင်းဟာ မပြောင်းလဲသွားပါဘူး။

* * * * * * * * *

အိပ်ဆောင်စာရင်းကို စစ်ဆေးပြီးနောက် ထုံးစံအတိုင်း လင်းချန်ဟာ ဇယားရဲ့ နောက်ဆုံးအကွက်ကို ကြည့်ပြီး ရှေ့စာမျက်နှာ ကိုပြန်လှန်သည်။ အမှန်မခြစ်ရသေးတဲ့ တစ်ခုတည်းသော နာမည်ကို ကြည့်လိုက်သည်။

အဆောင်မန်နေဂျာ အနေနဲ့ ဒီအခြေနေဟာ သူမမြင်ချင်ဆုံး အရာဖြစ်သည်။လွန်ခဲ့တဲ့ ငါးမိနစ်က ပထမနှစ် ၊ အခန်းသုံးမှ ကျန်းရှောင်မင်း မနက်ခင်း စာဖတ်အတန်းကို လာမတက်ကြောင်း ဆရာမက ဖုန်းလှမ်းဆက်သည်။လင်းချန်ကို အိပ်ရာထဲရှိ‌     နေမယ့် ကျောင်းသားအား သွားနှိုးခိုင်း ထားသည်။အံ့ဩစရာကောင်းတာက အခန်း တွေအားလုံးကို သွားစစ်ကြည့်ပေမယ့် ကျောင်းမသွားဘဲနေတယ့် ကလေးတစ်ယောက် မှမတွေ့ပါ။

***အဖြူ၊အပြာ ပွင့်ရိုက် ခန်းဆီးလေးဟာ လေတိုက်၍ ယိမ်းနွှဲ့သွားသည်***

လင်းချန် သက်ပြင်းချ၏။ အလုပ်လုပ်လာတဲ့ သုံးနှစ်အတွင်း ကျောင်းသားပျောက်သွားတာ ပထမဆုံးအကြိမ်ကြုံရခြင်း  ဖြစ်သည်။ သူ့လက်ထဲမှာ      ဘောပင်ကို လှည့်ရင်းတွေးသည်။

ကျန်းရှောင်မင်းဟာ အနေအေးပြီး ကလန်ကဆန်လုပ်တတ်တဲ့ အကျင့်မရှိတဲ့ ဝဝတုတ်တုတ်     ကောင်လေး။ ဒါ့အပြင် ကျောင်းအဝင်ပေါက်က အစောင့်တွေဟာလည်း ကလေးတစ်ယောက်ကို လွယ်လွယ်နဲ့ အပြင်ထွက်ခွင့်မပြုနိုင်ဘူး။ ပြန်ပေးဆွဲခံရတာလား ဒါမှမဟုတ် မိဘတွေက လာခေါ်သွားလို့လား။

လင်းချန်အတွေးတွေကို အတည်ပြုပေးမယ့် ဖုန်းမြည်လာပါတယ်။ ဖုန်းကိုထုတ်ကြည့်တော့ ဟုန်ကျင့်မြို့ရဲ့ ဧရိယာကုဒ်နဲ့ အမည်မသိ နံပါတ်တစ်ခု။ သူ ဖုန်းကိုင်လိုက်ပြီး ချက်ခြင်း အသံဖမ်းတဲ့ ခလုပ်နှိပ်လိုက်ပါတယ်။ လေးလေးကန်ကန်အသံတစ်ခုက

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now