လူအများစုဟာ ကိုယ့်ဘဝတစ်လျှောက်မှာ ရဲစခန်းထဲကို မဝင်လိုကြပါဘူး။ တော်ရုံ ဆို စစ်ဆေးမေးမြန်းတဲ့ အခန်းကို ဝင်ဖို့ အခွင့်ရေး လည်းမရှိကြဘူး။အဲ့ဒီအခန်း ဆိုတာကလည်း မှောင်မဲပြီး အှုံ့မှိုင်းမှိုင်းနဲ့ပါ။
ပြတင်းပေါက် တွေမှာ သံတိုင်များကာဆီးထားပြီး နံရံပေါ်တွင် “ရိုးသားခြင်းသည် သက်သာရာရစေပြီး၊ ခုခံခြင်းသည် ပြင်းထန်မှုကိုဖြစ်စေသည်” ဟုရေးသားထားသော အက္ခရာများကို အင်္ဂတေ ကိုင်ထွင်းထားသည်။ ရဲအရာရှိက ဖြစ်စဉ်နဲ့ပတ်သက်ပြီး လေးလေးနက်နက် ရှင်းပြမယ်။မေးမြန်းမယ်။ တစ်ချိန်တည်းမှာ ကိုယ့်ကို လူအများ စောင့်ကြည့်နေတာကို ခံရပါမယ်။
* * * * * * * * * *ကျန်းရှောင်လုံဟာ ဟုန်ကျင့်ရာဇဝတ်မှုဌာန က သာမန် အမျိုးသမီး ရဲအရာရှိတစ်ဦးပါ။ လက်ရှိအချိန်မှာ သူမဟာ တစ်ဖက်တည်းကိုပဲ မြင်ရတဲ့ စစ်ဆေးရေးအခန်းရဲ့ မှန်ပြင်မှ တစ်ဆင့် သံသယရှိသူကို လေ့လာနေပါတယ်။
သူမ မှတ်စုစာအုပ်ကို မကြာမကြာ ငုံ့ကြည့် နေသည်။ အာရုံစိုက်နေတာကြောင့် အခန်းထဲ လူနှစ်ယောက်ဝင်လာတာ မသိလိုက်ပါဘူး။
“ဘယ်လိုလဲ”ကျန်းရှောင်လုံ လှည့်ကြည့်လိုက်တော့ အဖွဲ့ခေါင်းဆောင် အသစ်ရဲ့ ခန့်ညားသည့် ဘေးစောင်း မျက်နှာကိုမြင်သည်။ သူမ မျက်နှာ ရဲသွား၏။ သို့သော် စည်းကမ်းတင်းကျပ်တဲ့ ရဲအကယ်ဒမီကျောင်းမှာ လေ့ကျင့်ရေး ဆင်းခဲ့သူပီပီ ကိုယ့်အခြေအနေကို ချက်ခြင်းပင် ထိန်းလိုက်နိုင်သည်။ထို့နောက် ခေါင်းဆောင်ကို အစီအရင်ခံသည်
“ဆရာ၊ဆရာခေါ်လာတဲ့လူက ဒီအခန်းထဲမှာ ထိုင်နေတာ တစ်နာရီခွဲတိတိ ရှိနေပါပြီ။ သူက အဲ့ဒီပုံတွေကိုလည်း ကြည့်နေပါတယ်”
ကျန်းရှောင်လုံအနားက စားပွဲဆီသို့ ကြည့်လိုက်ပြီး မှတ်စုစာအုပ်ကို စာမျက်နှာ နှစ်ရွက်လောက်လှန်ကာ
“ဆရာ့ အမိန့်အတိုင်း ဘယ်သူမှသူနဲ့ စကားမပြောကြသေးပါဘူး၊လွန်ခဲ့တဲ့ နာရီဝက်က ရေသွားပေးပေမယ့် သူမသောက်ဘူး၊ ဒါနဲ့ တတိယမြောက်ပုံကို မြင်တော့ သူ့အမူအရာ ထူးဆန်းနေပါတယ်၊ သူကတစ်ခုခုတော့ တစ်ခုခုပဲဆရာ”
YOU ARE READING
မှုခင်း စိတ်ပညာရှင် ( translation novel)
Mystery / ThrillerOriginal Author , Zhong-er All right reserved to original author Translator, Nan Khin Ei Ei Tin Genre ; psychology, crime, murder, BL, modern ဂျူနီယာ ကျောင်းသားအဆောင်လေးရဲ့ တည်ကြည်လွန်းတဲ့ အဆောင်မန်နေဂျာ လင်းချန်နှင့် ဟုန်ကျင့်မြို့ ရာဇဝတ်မှု နှိမ်န...