ဒီလို အမေးခံလိုက်ရလို့ ဖုဟောင် ရှက်လည်း မရှက်သလို၊ မကျေမနပ်လည်း လုံးဝ မဖြစ်ပါဘူး။ လင်းချန်ကို ပြုံးပြပြီး လက်ကလေး ပိုက်ထားကာ ကြည့်နေသည်။
*** လင်းချန်ကို ခေါ်လာတာ နောက်ဆုံး တော့ အလုပ်ဖြစ်ပြီ မဟုတ်လား***
မရယ်မပြုံး လူငယ် လေးက တနည်းနည်း ရှက်သွားပြီး သက်သေ ပစ္စည်းအိတ်ကို ကောက်ကိုင်ကာ ဂရုတစိုက်ရှင်းပြနေသည် ကို ရှင်းကုန်းလျန် ကြည့်နေသည်။
“ ဒီသဲ အဖြူတွေက ဆန့်ဒ်ဘောက်စ်က အရာတွေပဲ၊ စိတ်ရောဂါ ကုထုံးမှာ လူနာရဲ့ စိတ်အခြေအနေကို သိနိုင်ဖို့ ဒီလိုသဲတွေနဲ့ အခြား စီစဉ်ထားတဲ့ ပစ္စည်းတွေကို သုံးရတဲ့ ကုထုံး တစ်ခုရှိတယ်”
လေးလေးနက်နက် တွေးပြီးနောက် ဆက် ပြောသည်။“အခုက ထောင်ဘောင်ကာလ မတိုင်မှီခေတ် ဆိုရင် ဒီသဲတွေ ကို ယွမ် နှစ်သောင်းနှင့် အထက် တန်ဖိုးဖြတ်ကြလိမ့်မယ်၊ ထုတ်လုပ် သူ၊ ဖြန့်ဖြူးသူ က အရမ်းနည်းလို့လေ။ ဒါပေသိ အခုကာလမှာ ဇာစ်မြစ် လိုက်နိုင်ဖို့ ကတော့ တော်တော်လေး ရှုပ်နေမှာ”
သူ စကားပြောတာဟာ ပေါ့ပါးသည်။ သို့သော် လင်းချန်၏ တည်ငြိမ်တဲ့ မျက်လုံး၊ မှန်ကန်တဲ့ ကိုယ်နေဟန်ထားက ပြီးပြည့်စုံ သော အရှိန်အဝါကို ဖြစ်ပေါ်နေစေသည်။ ကျွမ်းကျင် ပညာရှင် နဲ့ တွေ့တဲ့အခါ မှန်းပြော သည့် စကားတွေက အရာမရောက်တော့ သလိုပါပဲ။
ရှင်းကုန်းလျန် အတွက် ရှားရှားပါးပါး ဖြစ်ပေါ်လာသော ပြုမူခဲ့သည်များအတွက် တောင်းပန်ချင်လာသည့် စိတ်။ ထိုစိတ်သည် လင်းချန်နောက်ဆက်တွဲ ပြောလိုက်သော အကြောင်းအရာက မဖျက်ဆီး လိုက်ခင် စက္ကန့်ပိုင်းသာ ကြာသည်။“ ကျွန်တော့်ကို ပြန်ခွင့်ပေးရမယ်၊ မျက်စိရှေ့ မင်းတို့ ထပ်မပေါ်လာပါဘူး ကတိပေးမှ ခုနက သဲ တွေက ဘယ်ကဟာလဲ ပြောပြမှာ”
“ကောင်းပြီလေ၊ ရတယ်”
သွက်လက်စွာ ကုန်းလျန် တုန့်ပြန်ပြောဆိုပြီး ပါးကို လက်ဖဝါးတွင် အပ်ကာ လင်းချန်ကို စိတ်ဝင်တစား ကြည့်နေသည်။သည်အခါတော့ လင်းချန် အံ့ဩရမည့် အလှည့်ပေါ့။ ရဲ တစ်ယောက်က သူ့တောင်းဆို မှုကို လိုက်လိုက်လျောလျော ရှိသည်တဲ့လေ။ ကုန်းလျန်၏ အစိမ်းရောင် မျက်လုံးများကို သေချာကြည့်ပြီး ထိုမျက်လုံးများသည် လှည့်စားမှု တစ်စုံတစ်ရာ မရှိဘဲ၊ ရိုးသားဖြောင့်မတ်မှု ရှိပြီး ဟန်ဆောင်မှု ကင်းမဲ့သည်ကို တွေ့သွား ဟန်တူသည်။
YOU ARE READING
မှုခင်း စိတ်ပညာရှင် ( translation novel)
Mystery / ThrillerOriginal Author , Zhong-er All right reserved to original author Translator, Nan Khin Ei Ei Tin Genre ; psychology, crime, murder, BL, modern ဂျူနီယာ ကျောင်းသားအဆောင်လေးရဲ့ တည်ကြည်လွန်းတဲ့ အဆောင်မန်နေဂျာ လင်းချန်နှင့် ဟုန်ကျင့်မြို့ ရာဇဝတ်မှု နှိမ်န...