မှုခင်းစိတ်ပညာရှင် (၁၃)

164 32 2
                                    

“အဲ့နေ့ကရာသီဥတု အခြေအနေက မဆိုးလှဘူး….နေဝင်ချိန် မရောက်ခင်လေးမှာ ဖြစ်သွားတာ….. နေမဝင် သေးပေမယ့် ကုန်စိမ်းတန်းကတော့ တော်တော်လေး အုံ့မှိုင်းပြီး မှောင်နေပြီ”

“အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်ပါ….ဦးလေးဘေးနားမှာ အသံတွေ ဆူညံ‌နေတယ် လူတွေဖြတ်သွားနေကြတယ်… ထူးထူးခြားခြား သတိထားမိတဲ့ အနံ့ တစ်ခုခုများ ရသလား”
လင်းချန်ရဲ့ အကြံပေးချက်အတိုင်း  ဆိုင်ရှင်က  အသက်ဝဝ  ရှူလိုက်ပြီးနောက် ရွှင်မြူးလာ သည်။ 

“အင်း ဟုတ်တယ်…ရတယ်..အသားစိမ်း၊ ငါးစိမ်းနံ့ ရတယ်”
“သေချာ နားထောင်ပါ…ဘေးနားက အသံတွေ ကျယ်သထက်ကျယ်လောင်လာပြီး ခြေသံတွေကလည်း ပိုကျယ်လာတယ်…ဘာသံတွေလဲ ကွဲကွဲပြားပြားကြားရအောင် ကြိုးစားကြည့်ပါ”
လင်းချန်က ပျော့ပျောင်းနူးညံ့သော အသံဖြင့် ပြောသည်။

ဆိုင်ရှင့် အသံ ခဏတိတ်သွားပြီး
“ငိုနေတယ်...တစ်ယောက်ယောက်ရဲ့ ငိုသံ...လမ်းကလူတွေ အုတ်အော်သောင်းနင်း၊ ဖရိုဖရဲ ဖြစ်နေ ကြတာ..မိန်းမတစ်ယောက်က ကယ်ကြပါဦးဆိုပြီး အော်ငိုနေတယ်..ငါ ကြောက်နေလို့ လှုပ်တောင် မလှုပ်ရဲဘူး”

“ဘယ်လိုမျိုးခံစားနေရသလဲ ဦးလေး”

“ကြောက်တယ်...လူတွေကိုကြောက်တာမဟုတ်ဘူး....ငါ့မှာ ဓါးရှိနေတာပဲ၊ သွေးရူးသွေးတန်းနဲ့ အဲ့ အသီးသည် ငါ့ဆီ ပြေးလာရင် သူ့ကို ပြန်ခုတ်လိုက်မှာပေါ့၊ ဒါပေမယ့် အဘိုးကြီးလဲကျသွားချိန်က ပြုံးနေတဲ့ မျက်နှာကြောင့် အဖေ့ရဲ့ သေဆုံးမှုကို သတိပြန်ရသွားပြီး ငါ့ကိုခြောက်ခြားစေတာ”

ပြောပြောဆိုဆိုပဲ ဆိုင်ရှင်၏ မျက်နှာတင်းမာလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ ထိုအချိန်မှာ သာယာငြိမ့်ညောင်းသော အသံ ကြည်ကြည်လေး ထွက်ပေါ်လာပြန်သည်။ ဆိုင်ရှင် ဦးလေး၏ ပိတ်ထားသော နှလုံးသားကို ဖြေးဖြေးချင်း ဖွင့်ဟကြည့်နေသည့် စမ်းချောင်းငယ်လို အေးမြ ကြည်လင်သော အသံ။

“ဦးလေးအရှေ့မှာ စာရွက်အပိုင်းအစလေးကို မြင်လိုက်ရပြီ၊ စာရွက်က အရမ်းရှည်ပြီး ကျယ်ပြောတယ် ကောင်းကင်ပေါ်ကနေ ကျလာပြီးတော့ တစ်လမ်းလုံးကို စက္ကူစနှင့် ဖြေးဖြေးချင်း ထုပ်ပိုးလိုက်တယ်”
အသံက အလျင်စလိုမရှိဘဲ ညင်သာသည်။

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now