မှုခင်းစိတ်ပညာရှင် (၁၂)

160 27 1
                                    

ယန်ဂျလမ်းကြားနှင့် ချွန့်ရွှေလမ်းကြားသည် သိပ်ကွာဝေးကြသည်မဟုတ်ပါ။ လမ်းနည်းနည်း လျှောက်သွားရုံဖြင့် ရောက်နိုင်သည့် အနေအထားဖြစ်သည်။

မိုးသက်မုန်တိုင်းကတော့ အပြင်တွင် သည်းသည်းမည်းမည်း ရှိလို့နေဆဲပင်။ ပိန်းပိတ်အောင် ထူထဲ မှောင်မည်းနေသော တိမ်စိုင်များက နေ့လား၊ ညလား ဝေဝါးစေသည်။ တိုင်ဖွန်းကြောင့်ရော၊ လူသတ်မှုကြောင့်ပါ ချွန့်ရွှေလမ်းမှာ ဆိုင်အနည်း အကျဉ်းသာ ဖွင့်ထားသည်။ သည်းစွာရွာနေခဲ့သော မိုးက မြေပြင်တွင် စွန်းထင်းနေခဲ့သော သွေးများကို ဆေးကြောပေးလိုက်သည်။ လေထုက လတ်ဆတ်ပြီး သန့်စင်နေသည်။ လန်းဆန်းမှုကြောင့် လူတို့စိတ် တွင် အေးဆေး၊ ဖြေးညှင်းစွာသာ လမ်းလျှောက်ချင်စိတ် ဖြစ်နေစေသည်။

လင်းချန်သည်လည်း ဖြေးဖြေးအေးအေး လမ်လျှောက်လာပြီး ထီးလည်းယူမလာပါ။ အမှန်ကတော့ သူ့အတွက် ကုန်းလျန်က ထီးမိုးပေးထားရသည်။ ဘာကြောင့်မှန်းတော့မသိ ရှင်းကုန်းလျန် အတွက် လင်းချန်ဟာ လူငယ်တစ်ယောက်ဟု ခံစားမိစေသည်။ ဖုဟောင်က သူ့ကို အစ်ကိုကြီးလို့ ခေါ်နေ ပေမယ့် လင်းချန်က ဖု ထက်အများကြီး ပိုငယ်ပုံရသည်။ သူက ဘွဲ့ရပြီးကာစ အရွယ်လေးလို၊ သို့ပေမယ့် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အသွင်တွေ လုံးဝမရှိတော့သော အဘိုးကြီးတစ်ယောက်လိုမျိုး ပြုမူလေ့ ရှိသည်။

လင်းချန်သည်  ပြဿနာရဲ့ အကြောင်းအရာကို ကောက်ချက်ချရာတွင် ဖြစ်စေ၊ အလောင်းကောင်များ၏ အောက်တွင် အိပ်စက်ရာတွင် ဖြစ်စေ၊ အမူအရာ တစ်ချက်မပျက်ဘဲ တည်ငြိမ်စွာ တသမတ်တည်း နေနိုင်လွန်းလှသည်။ ရှင်းကုန်းလျန်ကတော့ လင်းချန်၏ သည်လိုပုံစံကို ဘယ်အရာကများပြောင်းလဲ ပေးနိုင်မည်လဲဟု သိလိုလှသည်။
သူတို့နှစ်ဦး ဆက်ပြီး လမ်းလျှောက်လာရာ မကြာခင်ပဲ သစ်သီးတန်းဆီသို့ ရောက်လာကြသည်။ ယခင်နေ့က အမှုအခင်းဖြစ်ပွားပြီးချိန်မှ စ၍ ထိုနေရာမှ ဆိုင်ခန်းကို ပိတ်ထားခဲ့သည်။ မည်သူမျှ ရှိမနေဘဲ တံခါးဟာ တင်းတင်းပိတ်ခံထားရလျက်။

* * * * * * * * * *
တိမ်ထူထဲနေပြီး အဲ့နေ့ကနှင့်မတူ ဒီနေ့တော့ မိုးတွေရွာနေပါသည်။ နေကတော့ဖြင့် မဝင်သေးပါ။ လေထုထဲမှာကော၊ လူတွေပေါ်မှာပါ ငါးညှီနံ့က ရစ်ဝဲလျက်ရှိနေသည်။
ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသည့်နေ့က လူတွေဟာ မိန်းမကြီးကို အန္တရာယ်ပြုနေသော အသီးသည်ထံတွင်သာ အာရုံရှိနေခဲ့ကြသည်။ အားလုံး၏ အရှေ့ တွင်ရှိနေခဲ့သည့် သေနှင့်ပြီး အဘိုးကြီး ကိုတော့ မည်သူမျှ သတိမထားမိခဲ့ကြပါ။ အမျိုးသမီးကြီးက ဆိုင်ခန်းထဲသို့ အလောတကြီး ဝင်လာချိန်တွင်၊ အသံပင်မပေးဘဲ အဘိုးကြီးလဲကျသွားတော့မှသာ သေခြင်းတရားအပေါ် ကြောက်ရွံ့မှု ကြီးထွားလာကြသည်။ အားလုံးသည် မမြင်ရသော လက်တစ်စုံမှ သူတို့၏ လည်ပင်းများအား ညှစ်ကိုင်ထားလိုက် သလိုခံစားခဲ့ကြရသည်။ ထိုလူတွေသည် ပွဲကြည့်ပရိတ်သတ် တွေမဟုတ်ကြတော့ဘဲ ယခုအခါ မျက်မြင်သက်သေများ ဖြစ်လာကြသည်။

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now