မှုခင်းစိတ်ပညာရှင် (၁၉)

129 26 1
                                    

ယခုအကြိမ်သည် လင်းချန်၏ အဆောင်ခန်းထဲကို ကုန်းလျန်ရောက်ဖူးတာ သည်တစ်ခါဆို ဒုတိယ အကြိမ်( တစ်နည်း ) နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ လင်းချန်၏ ညွှန်ကြားမှုအောက်မှ ကုတင် အောက်သို့ငုံ့ရင်း ကြီးမားလှသော ကတ္ထူသေတ္တာပုံးကို ဆွဲယူထုတ်လိုက်သည်။

“ငါ့ အိမ်မှာ လာနေလို့ ရတယ်....အိမ်ကတော်တော်ကြီးပါတယ်”
ရဲအရာရှိသည် ပုံးပေါ်မှ ဖုန်အလွှာလိုက်ကို ခါချလိုက်သည်။ လင်းချန်ကို ဟန်ဆောင်ကြည့်ဖြင့် ကြည့် လိုက်သည်။

“စာတွေကို ယူဖို့လာတာမဟုတ်ဘူးလား....ဘာဖြစ်နေတာလဲ”

“………………………….”

ထို့နောက် ကုန်းလျန်က သက်ပြင်းချသည်။ ထဲထဲဝင်ဝင် မသိတဲ့ သာမန်မိတ်ဆွေပဲ ဖြစ်ရတာက ပြဿနာ အတော်ပင်ပေးသည်။

“နှစ်ချက် ရှိတယ်”

“အင်း.........ဟမ်..”

“ပထမတစ်ချက်က..ရန်ကျွင်းက သတ်သေသွားတာဖြစ်ရမယ်........ဒုတိယက ခုနလေးကတင် အဲ့အခန်း ထဲမှာ ဆေးထိုးအပ်တွေ တွေ့တယ်”

“ဘာအမျိုးအစားလဲ”

“မူးယစ်စိတ်ကြွဆေးပါ”

“စိတ်ကြွဆေးပေါ့.....”
လင်းချန်မျက်မှောင်ကျုံ့သည်။ သူ၏ အမူအရာက ခန့်မှန်းရ ခက်လှ၏။

“စိတ်ကြွဆေးပမာဏလွန်ကဲရင်..မူလ အမူအကျင့်နဲ့ အသိစိတ်ကို ပြိုကွဲစေတယ်......သစ်သီးသည် ကလည်း တူညီတဲ့ ဆေးကိုသုံးခဲ့တာဖြစ်နိုင်တယ် ....အဓိပ္ပာယ်ရှိပေမယ့်လည်း ထူးဆန်းတယ်မလား”

“ငါတို့ လိုအပ်နေတဲ့ အချိန်မှာမှ သဲလွန်စပေါ်လာတာက မသင်္ကာစရာပဲ”

ရှင်းကုန်းလျန်က မယုံကြည်နိုင်မှုနှင့်အတူ ထိုင်ချလိုက်သည်။ လင်းချန်လည်း ဘေးနားတွင် ဝင်ထိုင်ကာ ပုံးကို ဖွင့်လိုက်သည်။

ပုံးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ပုံးလုံးပြည့်ကျပ်နေအောင် နေရာယူထားသော စာတွေက အန်ထွက် ကျလာသည်။ ကုန်းလျန် ထိတ်လန့်သွား၏။ လင်းချန်ကတော့ စာတွေကို အမျိုးအစားတူရာ ခွဲနေသည်။ စာတစ်ချို့ကို ထုတ်ကာ ကြမ်းပေါ်မှာစီပြီး ကျန်သည့်စာတွေကိုတော့ ပုံးထဲကိုပြန်ထည့် သည်။ ကတ္ထူပုံးကို ပိတ်လိုက် ပြီးနောက်မှာတော့ သေသပ်စွာ ပိတ်ထားသော စာအိတ် ၁၀ အိတ်သာ ကျန်ခဲ့တော့သည်။

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now