မှုခင်းစိတ်ပညာရှင် (၂၀)

279 31 1
                                    

လူတစ်ယောက်က  ပြောဖူးတယ် ကျိုးကြောင်းဆီလျော်မှု အရှိဆုံးဆိုတဲ့  ကိစ္စက  ယုတ္တိ မတန်ဆုံးဆိုတဲ့  အရာဖြစ်နေတယ်။ ရုရန်ကျွင်းက  အခင်းဖြစ်ပွားသည့်နေရာ  သုံးနေရာမှာ ပေါ်လာ တယ်။ လူတွေကို  သတ်ခဲ့တယ်။ သေတမ်းစာရေးပြီး   သေကြောင်းကြံစည်လိုက်တယ်။ သူမ သေဆုံး သွားခဲ့သော အခန်းမှာ  ရန်ကျွင်းက  လူသတ်တရားခံပါလို့ ယူဆရသည့်  သက်သေ အထောက် အထား ရှိနေတယ်။ ဤသည်မှာ  ဆက်စပ်တွေးတောပြီးနောက်   အဓိပ္ပါယ်အရှိဆုံး  အ‌ေဖြဖြစ်နေ၏။ တစ်နည်းအားဖြင့်လည်း  ယင်းကဲ့သို့ စဉ်းစားကြည့်ခြင်းက သမားရိုးကျ လူသတ်မှုလို ပြီးပြည့်စုံနေ၍ သံသယဝင်စရာ  ရလဒ်ဖြစ်နေ ပြန်သည်။

ဒီနေရာမှာ  လင်းချန်နှင့် ကုန်းလျန်တို့အတွက် ပြဿနာဖြစ်နေသည်က ရုရန်ကျွင်းက  သေခြင်းတရားကို  ကြောက်လွန်း၍  သေကြောင်းမကြံရဲပါဘူး  ဆိုသည်ကို  သက်သေပြစရာ  အထောက်အထားကလည်း ရှိမနေပေ။

“ ကျွန်တော် သက်သေမပြနိုင်ဘူး … သူမ  သေကြောင်းကြံခဲ့တာက  သေချာပါတယ်”
လင်းချန်  စာကို  ခေါက်လိုက်သည်။

“ မူလ  ကြောက်ရွံ့တတ်တဲ့  ဗီဇကို  ဘယ်လိုများ  ကျော်လွှားပြီး  ကိုယ့်လည်ပင်းကို  ဓါးနဲ့ လှီးနိုင်သွားရတာလဲ ဆိုတာကိုပဲ သိချင်မိတယ်…..’’

လင်းချန်  ခဏ  ချင့်ချိန်တွေးတော လိုက်ပြီး…
“ လူဆိုတဲ့အမျိုးက  သေဆုံးခြင်းကို  စိတ်ပိုင်းဆိုင်ရာအရကော  ၊  ရုပ်ပိုင်းဆိုင်ရာအရကော  ကြောက် ကြတာ  ချည်းပဲဗျ… အသက်အန္တရာယ်ကို  ကြုံတွေ့ရင်  အလိုအလျောက် ခန္တာကိုယ်က  တုန့်ပြန် ချေပတဲ့ ရှုပ်ထွေးတဲ့  လုပ်ထုံးလုပ်နည်းက ကျွန်တော်တို့  အားလုံးမှာ  ရှိတယ်.. နောက်ကွယ်မှာ  အရင်းခံအကြောင်းရင်း  မရှိပါဘဲ လူ့သဘာဝနဲ့  ခုခံကာကွယ်ခြင်းကို  လွယ်လွယ်နဲ့  မချိုးဖောက်နိုင်ကြဘူး ……’’

“ ကဲ ….. ခင်ဗျားက  ဒီလိုပြောနေတော့လည်း  မှုခင်းဆေးအဖွဲ့က  ပြောထားတာ   သတိရသွားတယ် ရန်ကျွင်းရဲ့ခန္တာကိုယ်က  ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး တစ်ခုခု လွဲနေတယ်တဲ့”

“  ဘာဖြစ်လို့လဲ…..’’

“ ဒဏ်ရာရဲ့ အတိမ်အနက်တွေက  ကွဲပြားနေတယ် …..ဒဏ်ရာအသစ်နဲ့ အဟောင်းတွေ  ရှိနေတယ်လို့ ပြောတာ … အစောပိုင်းမှာ  သူမက  အန္တရာယ်သိပ်မရှိ လောက်တဲ့  နေရာတွေကို  နည်းနည်းချင်းစီ  ဒဏ်ရာပေးတယ်… လက်ကောက်ဝတ်နဲ့ ရင်ဘတ်တွေမှာပေါ့….”

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now