မှုခင်းစိတ်ပညာရှင် (၁၅)

156 28 0
                                    

လင်းချန်သည် စားပွဲပေါ်၏ ခပ်လှမ်းလှမ်းတွင် နောက်ထပ် အရုပ်နှစ်ရုပ်ကို နေရာချလိုက်သည်။
“ဒုတိယအချက်က....အမူအရာတွေက အစီအစဉ်မကျ ဖြစ်နေတာကိုကြည့်ပြီး ဒီလူတွေဟာ အထောက်အပံ့ကို လိုအပ်နေကြတာ သိနိုင်တယ်.....သူတို့ရဲ့ နှလုံးသားတွေက ပရမ်းပတာ ဖြစ်နေ ကြတယ်”

လင်းချန်သည် သူ့အနောက်မှ လူနှစ်ယောက်ကို ဂရုမစိုက်ဘဲ လက်တစ်ဆုပ်စာ သဲတွေကို ကောက်ယူ လိုက်ပြီး  ဖြေးဖြေးချင်း ဖြူးချလိုက်တာကြောင့် အရုပ်နှစ်ရုပ်ကို သဲတစ်ချို့ ဖုံးသွားသည်။
“နောက်ဆုံးအဆင့်မှာ.........သေဆုံးသွားပြီ”
လင်းချန်က တိုးညှင်းစွာပြောလိုက်သည်။

“ဘာက သေသွားတာလဲ”
ရှင်းကုန်းလျန်နှင့် ဖုဟောင်က သံပြိုင်မေးလိုက်၏။
လင်းချန်က အရှေ့မှာ ရှိနေသော စားပွဲဆီကိုကြည့်လိုက်ပြီး
“သံသယဝင်စရာ မရှိဘူး...အခင်းဖြစ်ခဲ့တဲ့ နေရာတွေအားလုံးမှာ သေခြင်းတရားရဲ့ အငွေ့အသက်တွေ ရှိနေခဲ့တယ်.....သူတို့လိုချင်တာက သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့ကြောက်ရွံ့မှုကို လူတွေကို ခံစားစေ ချင်တာ...ကြောက်စိတ်ကြီးထွားလာပြီးနောက်မှာ ဘာဆက်ဖြစ်နိုင်မလဲ ငါတို့ ခန့်မှန်းကြည့်နိုင်ပါတယ်”

“ဘာက ဆက်ဖြစ်မှာမို့လဲ”

“သူတို့ရဲ့ ကစားကွက်ကို ခွဲခြမ်းစိတ်ဖြာရရင်ဗျာ..အမှုက နစ်နာသူတွေဟာ သေဆုံးမှုကို တော်တော်ကြီး ကြောက်လန့်နေတာ....ရင်းနှီးတဲ့လူက သေသွားခဲ့လို့ဖြစ်ဖြစ်၊ စိတ်ဒဏ်ရာ အကြီးအကျယ် ခံစားခဲ့ရလို့ လည်း ဖြစ်နိုင်တယ်....အတိုချုံ့ပြောရရင် သေဆုံးခြင်းက သူတို့ကို အပြင်းအထန် စိတ်ထိခိုက်စေခဲ့ ဖူးလို့ပဲ”

* * * * * * * * * *

အထင်ကြီးစရာပဲ...........ဒါပေမယ့် တော်တော်လေးလည်း နားလည်ဖို့ခက်ပြီး ထူးဆန်းတယ်။
လင်းချန်သည် သဲတွေကို တောင်တောင်ဤဤ ကလိနေပြီး သုံးသပ်ချက် တစ်သီတစ်တန်း ကြီးကို ပြောနေခဲ့သည်။ လက်တွေ့ကျကျ ကြည့်မည်ဆိုလျှင် လင်းချန်ရဲ့ သုံးသပ်ချက် များက စဉ်းစားရတာ နက်နဲလွန်းပြီး ပြဿနာကို အဖြေရှာပေးရာ မရောက်ဘူးဖြစ်သည်။ အကျိုး အကြောင်း တွေ တွက်ချက် မနေဘဲ ကြည့်မယ်ဆိုရင်တော့ လင်းချန်ပြောနေတာ အားလုံးက ဖြစ်နိုင်ချေ အရှိဆုံး ပဲဟု ကုန်းလျန် ထင်သည်။
သည်နေရာတွင် အရေးအကြီးဆုံးက ရှင်းကုန်းလျန်သည် လင်းချန်၏ အတွေးများကို အမှန်တကယ် လက်ခံယုံကြည်ပေးခဲ့ ပြန်သည်။

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now