မှုခင်းစိတ်ပညာရှင် (၁၄)

141 25 0
                                    

ဖုဟောင်ရောက်လာတော့ လင်းချန်က ရေနွေးသောက်နေသည်။ စောင်ပါးပါးကို ခြုံထားပြီး ဆံပင်တွေဟာလည်း ရေမခြောက်သေးပေ။ အေးစက်နေသော အဆောင်ခန်းထဲကို ဖုဟောင်က ခြေချ လိုက်ပြီး နံရံဖြူကြီးနှင့် စားပွဲတစ်လုံးသာ ရှိသော အထီးကျန်လွမ်းမောဖွယ် ပတ်ဝန်းကျင်ကို မြင်သည် နှင့်တစ်ပြိုင်နက် လင်းချန်၏ အိပ်ရာဘေးနားကို ပြေးသွားလိုက်သည်။

“အစ်ကိုကြီး..ဒီလိုနေရာမျိုးက ခင်ဗျား နေရမယ့် နေရာမဟုတ်ဘူး”
လင်းချန်ကတော့ သူ့ကိုကြည့်ရုံသာ ကြည့်လိုက်ပြီး စကားမဆိုချေ။

“ကျွန်တော်နဲ့ အတူလာနေပါ”
ခေါင်းဆောင်ရှင်းက ဖုဟောင်ကိုကြည့်လာသည်။

ဖုဟောင်အနေဖြင့် ကုန်းလျန်၏ အကြည့်ကို နားမလည်ပေသိ သူ့အကြည့်မှာ စိတ်မရှည်မှုကို ခံစားမိသည်။ လင်းချန်တွေးနေတာကို အနှောင့်အယှက်ဖြစ်စေလို့ သူ့ကို ဆူချင်တာလားဟု ဖုဟောင် တွေးလိုက်သည်။ ဒါကြောင့် ချက်ချင်း ပါးစပ်ကို ပိတ်ပြီး အေးစက်နေသော ကြမ်းပြင်ကို မမှုတော့ဘဲ ထိုင်ချလိုက်သည်။ အချိန်အတန်ကြာအောင် စိတ်အေးလက်အေးနေပြီးတော့ ဖုဟောင်က မဝံ့မရဲ ပါးစပ် ဟ လာပြန်သည်။

“ဟို....နောက်ဆုံးတော့ ကွင်းဆက်လူသတ်သမား မဟုတ်ဘူးမလား”
လင်းချန် ခေါင်းငြိမ့်သည်။

“အင်း...ဒီလူတွေက လူသတ်မှုကြောင့် သေတယ်ဆိုတဲ့ သက်သေ တစ်ခုမှရှိမနေဘူး”

ပြောမယ့်စကားတွေကို ဂရုတစိုက် ချိန်ဆနေရင်း ကုန်းလျန်က ဘေးမှာ ဝင်ထိုင်လိုက်သည်။
“ဒီမနက်က..မှုခင်းဆေးပညာဌာနက အစီရင်ခံစာမှာ ရေးထားတာ....ပန်းခြံထဲက လက်ကိုင်းကွင်း တွေကို လူက ဖျက်ဆီးထားတာဆိုပဲ”

ဖုဟောင်က ကုန်းလျန်ကို ကြည့်ပြီး “ဒါများ စောစောက ဘာလို့မပြောသလဲပေါ့” ဟု စိတ်ထဲက ဆိုသည်။ တစ်ချိန်တည်းမှာ  ခေါင်းဆောင်ရှင်းကလည်း အပြစ်ကင်းချင်ယောင်လေးဆောင်ပြီး “ ပြောဖို့ အချိန်မရတာလေ” ဟု ဖြေရှင်းနေလေသည်။

“လူသတ်မှု ဟုတ်လား၊ မဟုတ်လား ဆိုတာတွေက အမြဲရောထွေးနေတာ...အဲ့ဒါကို အဖြေရှာရတာက ကိစ္စတွေကို ပိုရှုပ်စေတယ်....သိရဲ့လား”
ပရော်ဖက်ဆာ ဖု က ဒေါသထွက်နေသည်။

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now