ညွှန်ကြားရေးမှူးသည် "လောင်ကျင်း"လက်ဖက်ရွက်နှပ်ထားသော ရေနွေးခွက်ကိုင်ကာ ကုန်းလျန်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ သူ့ကြည့်ရတာ စကားအရှည်ကြီးပြောဖို့ အားယူ နေသည့်ပုံပဲ။
"ကုန်းလျန်၊ ဘယ်လိုလဲ တိုးတက်မှုရှိသလား"
ကိုင်ထားသော ခွက်ကို ချလိုက်သည်။
တောက်ပနေသည့် ဆရာဖြစ်သူရဲ့ ကတုံးပြောင်ပြောင်ကို ကြည့်နေရာက၊ ခါးပြင်မတ်ကာ ဖြေသည်။
"စုံစမ်းမှုက အခုထိလိုပါသေးတယ်။ ခုနလေးကတင် မှုခင်းဆေးသိပ္ပံအဖွဲ့က အစီရင်ခံစာ လက်ခံရတယ်။ ပန်းခြံထဲက ဘားတန်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားတဲ့ ခြေရာလက်ရာတွေ တွေ့ပါတယ်တဲ့၊ ဒီကိစ္စက လူသတ်မှုဖြစ်နိုင်ပါတယ်"
"လူသတ်မှု"ဆိုသည့် စကားကို ကြားတော့ ညွှန်ကြားရေးမှူး ရဲ့ အမူအရာက စိုးရိမ်သွားပုံပေါ်သည်။
"ကုန်းလျန်ရေ........ငါက အသက်သိပ်ကြီးနေပြီ၊ ဒီလိုစိတ်ခံစားရစေတဲ့ စကားတွေပြောရင် အသံ လျော့ပြောပါလားကွာ"
"အမှုကျူးလွန်ရစေတဲ့ အကြောင်းအရင်းနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာ လက်တလော ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး၊ အခုကိစ္စမှာ တာဝန်ရှိတဲ့တရားခံတွေက ဆေးရုံ၊ ချွန့်ရွှေလမ်းက အမှုတွေနဲ့ တနည်းနည်း ဆက်နွှယ်နေနိုင်ပါတယ်........"
"တိတ်စမ်း....တိတ်စမ်း"
ညွှန်ကြားရေးမှူး က ရင်ဘတ်ပေါ်လက်တင်လိုက်သည်။
"ထိခိုက်လွယ်တဲ့ စကားတွေကို ပြီးစလွယ် မပြောစမ်းနဲ့"
"ဒါပေမယ့် ပရော်ဖက်ဆာ ဖု ပြောတာက"
"အဓိပ္ပာယ်မရှိတာတွေ"
ညွှန်ကြားရေးမှူး က စားပွဲကို လက်ဖြင့်ရိုက်ချလိုက်သည်။
"ဖုဟောင်လား အဲ့လိုပြောနိုင်တဲ့အဆင့်ရှိမှာ...ဟား..ဟား။ သူ့ဆရာတောင် တမလွန်ကနေ ထရယ် နေဦးမယ်"
"ပရော်ဖက်ဆာက ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက ကျွမ်းကျင်ပညာရှင်ပဲလေ"
YOU ARE READING
မှုခင်း စိတ်ပညာရှင် ( translation novel)
Mystery / ThrillerOriginal Author , Zhong-er All right reserved to original author Translator, Nan Khin Ei Ei Tin Genre ; psychology, crime, murder, BL, modern ဂျူနီယာ ကျောင်းသားအဆောင်လေးရဲ့ တည်ကြည်လွန်းတဲ့ အဆောင်မန်နေဂျာ လင်းချန်နှင့် ဟုန်ကျင့်မြို့ ရာဇဝတ်မှု နှိမ်န...