မှုခင်းစိတ်ပညာရှင် (၁၀)

213 35 1
                                    

ယုံကြည်မှုဆိုသည့် စကားသည် ထူးဆန်းသည်။ တစ်ဦးနှင့် တစ်ဦး ပထမဆုံးအကြိမ် ရင်းနှီးလာရုံ ဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုက အရမ်းမနက်နဲကြသေးပါ။ သည်လိုအချိန်မှာ နှစ်ဦးသား ယုံကြည်မှုအကြောင်းပြောနေကြသည်က ဟာသတစ်ခုလို ဖြစ်မနေဘူးလား။ သို့ရာတွင် လင်းချန်က မေးသည်။
"ကျွန်တော့်ကို ယုံသလား" တဲ့။
ပြီးတော့ ကုန်းလျန်ကလည်း ဖြေသည်။
"ယုံတယ်" ပေါ့။

အခုယုံကြည်ပေးမှုကိစ္စမှာလည်း အကြောင်းအရင်းက ထူးဆန်းသည်။ ကုန်းလျန်အနေဖြင့် လင်းချန် ကို ယုံကြည်ခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်က "ဒီအဆောင်မှူးက အဆင်ပြေပါတယ်" လို့ ခံစားမိခဲ့ရုံကြောင့်ပါ။
ပြီးတဲ့နောက်မှာတော့ မြို့အနှံ့ ရန်ကျွင်းကို ရှာဖို့ သူစီမံပါသည်။

သို့သော် ရန်ကျွင်းက ပြစ်မှုကျူးလွန်ထားသူမဟုတ်သလို၊ လူပျောက်တိုင်ကြားခံထားရသူလည်း မဟုတ်ပါ။ ရှာဖွေမှုက သူမ၏ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးခြင်း၊ ငွေလွှဲငွေထုတ် အကူးအပြောင်းနှင့် မှတ်ပုံတင် အသုံးပြုမှုတွေကို စောင့်ကြည့်တာလောက်ပဲ လုပ်နိုင်သည့် အနေအထားတွင် ရှိသည်။ ရန်းကျွင်း၏ အိမ်ပိုင်ရှင်နှင့် အိမ်နီးချင်းများ သူမကို တွေ့လျှင် နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားဖို့ ပြောထားသည်။ ပိုကောင်းသည့် နည်းလမ်းတွေရှိပေမယ့် ကုန်းလျန် တတ်နိုင်သည်မှာတော့ ဒါဟာ အာဏာကုန်ပါပဲ။
ကုန်းလျန် လက်လျှော့ပြီး လင်းချန်ထံပြန်လာသည်။

လက်နှစ်ဖက်ထဲက ခွက်ကို စိုက်ကြည့်နေသည့် လင်းချန်ကခေါင်းငုံ့ထားသည်။ ခွက်ထဲမှ ဂျင်းပြုတ်ရည် တစ်စုပ်ကို သောက်လိုက်ပြီး ကုန်းလျန်သူ့ကို ကြည့်နေတာ ခံစားမိပြီး ခေါင်းမော့လာသည်။
"ကျွန်တော့်ကို ဆေးရုံဆီခေါ်သွားပေးပါ"

* * * * * * * * * *

ဟုန်ကျင့်မြို့ တတိယမြောက် ပြည်သူ့ဆေးရုံက ဤဇာတ်လမ်း၏ အစပျိုးရာနေရာဖြစ်သည်။ ဇာတ်လမ်းတစ်ခုလုံးကို ခြုံငုံမိသွားစေဖို့ ၎င်းနေရာကိုပြန်သွားရမည်။

တိုင်ဖွန်းလာနေသည်ကြောင့် ဆေးရုံပတ်ဝန်းကျင်မှာ စုဝေးနေကြသူများမရှိပါ။ ဝင်ပေါက် မုဒ်ဝကို လေတဝုန်းဝုန်း တိုက်ကာရိုက်ခတ်နေသည်။ လူနာသယ်စင်များလည်း တစ်ခုချင်းရိုက်မိနေသည်။ အေးစက်ပြီး ဖြူဖွေးနေသည့် နံရံများနှင့် မီးခိုးရောင် အုတ်ကြွပ်များကသာ လင်းချန်တို့ကို ဝန်းရံနေသည်။ မုန်တိုင်းထဲတွင် မတော်တဆမှုဖြစ်ကာ ဒဏ်ရာရသော လူနာများကို အရေးပေါ်အခန်း ၏ အတွင်း၊ အပြင်တွင် တန်းစီကာ ထားထားသည်။ မြည်ဟိန်းနေသည့်ပမာ လေပြင်းတိုက်သံက ပဲ့တင်ထပ်နေပြီး ဆိုးဆိုးရွားရွား အအေးပိုလာကာ ခန္ဓာကိုယ်တွေ ကျိန်းစပ်လာသည်။

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now